ဘားအံမြို့တွင် ဝါခေါင်လ ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပပြုလုပ်

0
85

ယနေ့ ဩဂုတ်(၁၈)ရက် နံနက် (၉)နာရီအချိန်မှစတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ဝါခေါင်လ ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုနှစ်ပြုလုပ်သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ ( ၄၅ )ကြိမ်မြောက်ရှိပြီဖြစ်ကာ ဒေသခံ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“လူဦးရေ ထောင်ကျော်မယ်ထင်ပါတယ်ခင်ဗျ။ ဒီနေ့ဓာတ်ဆီအခက်အခဲကြောင့် သွားရလာရ ခက်တယ်။ လက်ရှိ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေလည်း တက်ပါတယ်ခင်ဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ချည်ဖြူဖွဲ့ မင်္ဂလာပွဲ တက်ရောက်လာသည့် ဒေသခံများအား ကရင့်ရိုးရာ မုန့်တီများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ(လက်ချည်ပွဲ) အခမ်းအနားကို ယမန်နေ့ သြဂုတ် (၁၇) ရက်တွင် ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် လည်းကျင်းပပြုလုပ်ခဲ့ကြသည်။

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်အမျိုးသားများ၏ ရိုးရာဓလေ့ဖြစ်ပြီး ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး၊ တစ်မျိုးသားလုံး၏ လူမှုဘဝတိုးတက်ရေး၊ ကရင့်ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးတွင် ပိုမိုစုစည်းညီညွှတ်စေနိုင်သည့်၊ အင်အား ပိုမိုခိုင်မာစေနိုင်သည့် ရိုးရာယဉ်ကျေးမှု တစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ-Saw Chaint Paung


LEAVE A REPLY

Please enter your comment!
Please enter your name here