ထိုင်းဝန်ကြီးချုပ် အသစ်၏ အစိုးရအဖွဲ့တွင် ဖခင်ဖြစ်သူ သက်ဆင်ပါဝင်မည်မဟုတ်

0
403

ထိုင်းဝန်ကြီးချုပ်သစ် ပေတုန်တန် ၏ဖခင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် သမီးဖြစ်သူ ဝန်ကြီးချုပ်အဖြစ် တနင်္ဂနွေနေ့တွင် ခန့်အပ်ခံရပြီးနောက် အစိုးရသစ်တွင် တရားဝင်ရာထူးကို လက်ခံမည် မဟုတ်ဟုဆိုသည်။

သို့သော်လည်း ဝန်ကြီးချုပ်သစ်က မည်သည့်ကိစ္စကိုမဆိုတိုင်ပင်ရန် အမြဲတမ်း ဖုန်းခေါ်ဆိုနိုင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ကက်ဘိနက်အဖွဲ့သစ်အကြောင်း မေးမြန်းရာတွင် သက်ဆင်က  “အစိုးရအဖွဲ့သစ် ဖွဲ့စည်းလို့မပြီးသေးပါဘူး၊ဒါကဝန်ကြီးချုပ်က ဆုံးဖြတ်ရမယ့်ကိစ္စပါ” ဟုဖြေသည်။

သက်ဆင်က ၎င်း၏သမီးသည် ငယ်ရွယ်သူဖြစ်သည့်အလျောက် ထိုင်းနိုင်ငံ၏ ပြဿနာများကိုဖြေရှင်းရန်အတွက် အခြားသူများ၏အကူအညီတောင်းခံရန်ချဉ်းကပ်လိုစိတ်ရှိသူဖြစ်ကြောင်း၊သူမကတော့အတော်လေး အလုပ်ကြိုးစားရမှာဖြစ်ကြောင်း၊ဖခင်၏ အတိတ်က ဖြစ်စဥ်များကို သင်ခန်းစာယူမှာဖြစ်ကြောင်းဆိုသည်။

၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချသလို အလားတူ ပြဿနာတွေ ပေတုန်တန်ကြုံရမလားဟု မေးရာ “ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟုသက်ဆင်ကဖြေသည်။

Ref: khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here