ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် စက်သုံးဆီများကို လုံလုံလောက်လောက်ဖြန့်ဖြူးပေးထားဟု ဆီလုပ်ငန်းရှင်များဆို

0
484

ဩဂုတ် (၁၆)ရက်‌တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးစိုးသိန်းသည် သန်လျင်မြို့နယ်၊ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)ရှိ စက်သုံးဆီသိုလှောင်ကန် စခန်းများတွင် စက်သုံးဆီကန်များအတွင်း စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေနှင့် ဆီသယ်ယာဉ်များပေါ်သို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် စက်သုံးဆီဖြည့်တင်းနေမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းသို့ လိုက်လံစစ်ဆေးစဉ် စက်သုံးဆီလုပ်ငန်းရှင်များမှ လတ်တလောဖြစ်ပေါ်သည့် စက်သုံးဆီအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ပြည်သူလူထုမှ စိုးရိမ်စိတ်ကြောင့် ဝယ်ယူသုံးစွဲမှုပိုမိုများပြားလာကြောင်း၊ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန်အတွက် စက်သုံးဆီများကို လုံလုံလောက်လောက်ဖြန့်ဖြူးပေးထားကြောင်း တင်ပြခဲ့ကြ ကြောင်း သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေနှင့် ပြည်ပမှ ဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်မည်ဆိုသည့် စိုးရိမ်ကြောင့်ကြမှုဖြစ်ရန် မလိုကြောင်းနှင့် စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here