ရုရှားကို ယူကရိန်း ကျူးကျော်မှုသည် အကြမ်းဖက်လုပ်ရပ်ဖြစ်သည်–ပြုံးယမ်း

0
152

ရုရှားနိုင်ငံကို ယူကရိန်း၏ ကျူးကျော်မှုသည် ဝါရှင်တန်နှင့် အနောက်အုပ်စု က ကျောထောက်နောက်ခံပြုသော၊ ခွင့်မလွှတ်နိုင်ဖွယ်ဖြစ်သော အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယားက ရှုတ်ချပြောဆိုလိုက်သည်။ ထို့အပြင် ၎င်း၏ အချုပ်အခြာကို ကာကွယ်ရန်ကြိုးစားနေသည့် ရုရှားကို မြောက်ကိုရီးယားက အစဉ်ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့(သြဂုတ် ၁၈) တွင် ဖော်ပြခဲ့သည်။

ရုရှားနယ်မြေအတွင်း သို့ ယူကရိန်းက ဝင်ရောက်ကျူးကျော်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ ရုရှားဆန့်ကျင်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေးမူဝါဒ၏ ရလဒ်တစ်ခုဖြစ်ပြီး ယင်းအခြေအနေက တတိယကမ္ဘာစစ်သို့ တွန်းပို့နေသည်ဟုလည်း KCNA သတင်းဌာနက ဆိုခဲ့သည်။

ထို့အပြင် အမေရိကသည် ပမာဏများပြားသော လူသ-တ်လက်နက်များကို ယူကရိန်းသမ္မတ ဇလန်းစကီးကို ပေးအပ်ခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စု၏ ထောက်ပံ့၊ ထိန်းချုပ်မှုအောက်ရှိ ဇလန်စကီး ရုပ်သေးအစိုးရ၏ ရုရှားပိုင်နက်အတွင်း လက်နက်ကိုင်တိုက်ခိုက်မှုသည် ခွင့်လွှတ်နိုင်စရာမရှိသော ရန်လိုသော အကြမ်းဖက်လုပ်ရပ်တစ်ခုအဖြစ် မိမိတို့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်ဟု KCNA က ဖော်ပြခဲ့သည်။

Ref: Alarabiya News


LEAVE A REPLY

Please enter your comment!
Please enter your name here