ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းတွင် ယာဉ်တစ်စီးမှ အရှိန်လွန်ကာ သစ်ပင်ဝင်တိုက်မိပြီး ယာဉ်မောင်း အမျိုးသား ထိခိုက်ဒဏ်ရာများရ

0
66

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာအနီး၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉/၄)နှင့်(၁၉/၅)ကြားတွင် ယာဉ်တစ်စီးမှ အရှိန်လွန်ကာ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်း အမျိုးသား ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယမန်နေ့ သြဂုတ် (၁၈)ရက်၊ ည (၆)နာရီ (၅၃)မိနစ်အချိန်ခန့်က အဆိုပါ နေရာတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ ညောင်ဦးခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ် ဆယ်ရေးယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ လူမှုကူညီရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာ၌ သစ်ပင်အား ဖယ်ရှားကာ ယာဉ်အတွင်း ညပ်နေသော ယာဉ်မောင်းအား ကယ်ထုတ်ခဲ့ရပြီး ည (၇)နာရီ (၁၆)မိနစ်အချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး၊ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား အမှတ် (၅)အရန်မီးသတ်ပိုင် လူနာတင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here