တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ရက်ထက်ကျော်လွန်လျှောက်ထားသူများ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ ပေးပို့လျှောက်ထားရမည်

0
183

၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများတက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် သတ်မှတ်ရက်ထက်ကျော်လွန်လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ(၂၆)ရက် (တနင်္လာနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန် အသိပေးထားသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ အိတ်ကို ဩဂုတ်လ (၂၆) ရက်မှ စက်တင်ဘာလ (၁၂) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) ဖော်ပြပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်သည်။

မြစ်ကြီးနားတက္ကသိုလ် ၊ ဘားအံတက္ကသိုလ် ၊ ဟားခါးတက္က သိုလ်၊ မုံရွာတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္က သိုလ် ၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ် ၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတ က္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ် တို့တွင် လျှောက်ထားရမည်ဖြစ်သည်။

ထို့ပြင် လျှောက်လွှာတင်သွင်းခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁၇-၅၀ ၃၁၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here