မြန်မာ့လက်ရွေးစင် ကစားသမားကျော်မင်းဦး၏ ခံစစ်ခြေစွမ်းများကြောင့် ပြိုင်ဘက်အသင်းကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိ

0
71

မလေးရှားနိုင်ငံ ပြည်တွင်း‌ဘောလုံးကလပ် အသင်းတစ်သင်းဖြစ်သည့် PDRM အသင်းတွင် မြန်မာ့လက်ရွေးစင် ကစားသမား ကျော်မင်းဦးဝင်ရောက်ကစားလျှက်ရှိရာ ၎င်း ၏ ခံစစ်ခြေစွမ်းများကြောင့် ဂိုးထပ်မံမသွင်းနိုင်ခဲ့သည့် ပြိုင်ဘက် ကွာလာလမ်ပူ စီးတီးအသင်းကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကျော်မင်းဦးသည် PDRM အသင်း၌ ပထမဦးစားပေး ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေပြီး ပွဲစဉ် တစ်လျှောက် အသင်း၏ ခံစစ်တွင် အကောင်းဆုံးပုံစံဖြင့် ပြိုင်ဘက်အသင်း ဂိုးသွင်းခွင့်မရရန် ခြေစွမ်း ပြနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲစဉ်အတွင်း ပွဲချိန် (၇၁) မိနစ်အချိန်၌ ကွာလာလမ်ပူစီးတီးအသင်း ကစားသမားအား PDRM အသင်းမှ ကျောနံပါတ် (၃၂) က သိသိသာသာဆွဲလှဲခဲ့သည့်အတွက် တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး လက်ကျန်ပွဲကစားချိန်များ၌ တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။

သို့သော် ပွဲပြီးဆုံးချိန်အထိ ကွာလာလမ်ပူစီးတီးအသင်းက သွင်းဂိုးထပ်မံရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတော့ဘဲ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည့် PDRM အသင်းမှ (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မလေးရှား စူပါလိဂ် ဒုတိယရာသီပွဲစဉ်များအတွင်း ကျော်မင်းဦးသည် အင်အားကြီး ဘောလုံးကလပ် တစ်ခုဖြစ်သည့် PDRM အသင်း၌ အသင်းခေါင်းဆောင်အဖြင့်လည်း တာဝန်ယူနေရပြီး၊ နဲဂရီဆမ်ဘီလန်အသင်းအား အဝေးကွင်းတွင် (၁-၂)ရလဒ်ဖြင့် အနိုင်ရရှိထားသည်။

ပီဒီအာအမ်အသင်းသည် ယခုနိုင်ပွဲကြောင့် ပွဲစဉ် (၈)ပွဲကစားပြီးချိန်တွင် ရမှတ် (၁၁) ဖြင့် အဆင့် (၆) နေရာ၌ ရပ်တည်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here