မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့နောက်ဆုံး Week 14 ပွဲစဉ် ဧရာဝတီနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံ

0
72

မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့ နောက်ဆုံး Week 14 ပွဲစဉ်ကို ယနေ့ ဩဂုတ်(၁၉)ရက် ညနေပိုင်းအချိန်တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီ နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

ယနေ့ ပထမပိုင်းပွဲချိန်အတွင်း ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ဧရာဝတီအမျိုးသမီးအသင်းကို ဦးဆောင်ဂိုး (၁)ဂိုး သွင်းယူခဲ့ပြီး၊ ဒုတိယပိုင်း ပွဲချိန်အတွင်း ဧရာဝတီယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းကို ချေပဂိုး(၁)ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် သရေ ရလဒ် ထွက်ပေါ်ခဲ့ကြသည်။

ဧရာဝတီအသင်းသည် (၁၂) ပွဲ ကစားအပြီးတွင် (၆)ပွဲနိုင်၊ (၂)ပွဲ သရေ၊ (၄)ပွဲ ရှုံး ရမှတ် (၂၀ )မှတ်ဖြင့် အဆင့် (၃ )တွင် ရပ်တည်နေသည်။

အလားတူ ရန်ကုန်ယူနိုက်တက်အသင်းသည် (၁၂) ပွဲ ကစားအပြီးတွင် (၈)ပွဲ နိုင်၊ (၂)ပွဲ သရေ ၊ (၂)ပွဲ ရှုံး ရမှတ် (၂၆ ) မှတ်ဖြင့် အဆင့် (၂) နေရာတွင် အသီးသီးရပ်တည်နေသည်။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇) ရက်မှ ဇွန်(၁၁)ရက်အထိ ပွဲစဉ် (၇)ပွဲအား ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဒုတိယအကျော့အား ဇူလိုင် (၁၇)ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲအားလည်းကောင်း၊ တတိယအကျော့အား စက်တင်ဘာ (၆)ရက်မှ နိုဝင်ဘာ(၅)ရက်အတွင်း ပွဲစဉ် (၇)ပွဲအားလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း၊ သစ္စာအားမာန် အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီး အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here