ကာ့စ်ဒေသရှိ ဒုတိယမြောက် အဓိကတံတားကိုဖျက်ဆီးခဲ့–ယူကရိန်း

0
154

ကိဗ်၊ဩဂုတ် ၁၉

ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ ယူကရိန်းသည် ရုရှား ကို တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး မော်စကို၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဟန့်တားနှောင့်ယှက်ရန် ကာ့စ်ဒေသရှိ ဒုတိယအရေးပါဆုံးတံတားကို ဖျက်ဆီးခဲ့သည်ဟု ယူကရိန်းကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားသည် ယူကရိန်းအရှေ့ပိုင်းတွင် ဖိအားများတိုးလာခဲ့ပြီး ယူကရိန်းနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာဖြစ်သည့် Pokrovsk မှ ကီလိုမီတာအနည်းငယ်အကွာရှိ အခြားကျေးရွာတစ်ရွာကို သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်းဆိုခဲ့သည်။

ရုရှားရှိ တံတားဖောက်ခွဲခံရသည့် ပေါက်ကွဲမှုဗီဒီယိုကို ယူကရိန်းလေတပ်မှတပ်မှူးက တယ်လီဂရမ်တွင် တင်ခဲ့ပြီး နောက်ထပ်တံတားတစ်စင်းကို တိုက်ခိုက်ရန်ရည်ရွယ်ကြောင်းကို လည်းပြောကြားခဲ့သည်။

ယူကရိန်းလေတပ်သည် ရန်သူကို တိကျစွာ လေကြောင်း မှ တိုက်ခိုက်ခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်များကို ဆက်တိုက်ဆိုသလို လက်လွတ်ဆုံးရှုံးစေခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

“တပ်ဖွဲ့ဝင်တွေက ရှေ့တန်းစစ်မြေပြင်မှာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်” ဟု ယူကရိန်းသမ္မတဇလန်းစကီးကပြောကြားခဲ့ပြီး ဆက်လက်၍ ဗြိတိန်၊ပြင်သစ်နှင့် အမေရိကတို့ကိုလည်း အဓိကအရေးပါသည့် ထောက်ပံ့ရေးကိရိယာများကို မြန်မြန်ဆန်ဆန်ပေးပို့ရန် ထပ်ခါတလဲလဲ မေတ္တာရပ်ခံခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here