ကယားပြည်နယ်တွင် တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

0
286

ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မှုများတွင် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ဆရာဆရာမဝန်ထမ်းအိမ်ရာများကိုလည်း လိုအပ်သည်များ အမြန်ဆုံးပြုပြင်လျှက်ရှိနေသည်။

သီရိမင်္ဂလာဈေးအသစ်တည်ဆောက်ရေး လုပ်ငန်းခွင်သို့လည်းကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အာဏာပိုင်များ သွားရောက်၍ ဈေးဆိုင်ခန်းတည်ဆောက်နေမှု၊ အုတ်မြစ်ချလုပ်ငန်း၊သံထည်လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လုပ်ငန်းများပြီးစီးနိုင်မည့်အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးများပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက်ပေါင်းစပ်စီမံပေးခဲ့သည်။

ထိုနည်းတူ ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးများ၏ ပြုပြင်ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဝန်ထမ်းများပြန်လည်နေရာချနိုင်ရေးအတွက်ပြင်ဆင်နေမှုတို့ကိုလည်း ကြည့်ရှု့ခဲ့သည်။

နောင်ယား(က) ရပ်ကွက်ရှိ ခရစ်တော် ဘုရင်ဘုရားကျောင်းဝင်းအတွင်းတွင်လည်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများကလည်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ပေးလျှက်ရှိနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here