လွိုင်လင်မြို့တွင် ငွေကျပ်သိန်း ၆ထောင်နီးပါးတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိ

0
562

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့တွင် အမျိုးသား တစ်ဦးမှ (၁၂) ဘီး မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၅၉၀၀) တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိကြောင်း မြန် မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

လွိုင်လင်မြို့အထွက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သြဂုတ်(၁၇) ရက်၊ ည(၇) နာရီအချိန်က လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ စိုင်းမိုင်းခွန်း မောင်းနှင်လာသည့် MITSUBISHI FUSO အမျိုးအစား (၁၂) ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ဆာလာအိတ်များအတွင်း ထည့်သွင်းသယ်ဆောင်လာသော ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် (၂၉၅၀၀) ကီလို ၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း (၅၉၀၀) တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းမိုင်းခွန်း (၄၁) နှစ်အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here