ဘားအံမြို့၏ ခရီးစဉ်အသစ်များဖော်ဆောင်ရာတွင်သဘာဝရေထွက်ပေါက်ရှိသည့်ဂူလည်းပါဝင်မည်

0
211

ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းရှိ ပဒုမ္မာလှိုဏ်ဂူ၊ဖောင်တော်ဦးစေတီနှင့် ရေတံခွန်ကို ဘားအံမြို့၏ ခရီးစဉ်အသစ်ဖော်ဆောင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရနှင့် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ အသစ်ဖော်ထုတ်မည့် ပဒုမ္မာလိုဏ်ဂူခရီးစဉ်သည် တော်ပုံကျေးရွာအုပ်စု တော်ပုံကျေးရွာ တောင်စွန်း တောင်တွင်တည်ရှိပြီး ဘားအံမြို့ပေါ်မှ (၆) မိုင် (၂) ဖာလုံခန့်ကွာဝေးပြီး အချိန်အားဖြင့် (၁၅) မိနစ်ကျော်သာ သွားရကြောင်း သိရသည်။

အဆိုပါ ပဒုမ္မာလိုဏ်ဂူအတွင်း၌ သဘာဝရေထွက်ပေါက်များရှိပြီး ရေခန်းခြောက်ခြင်းမရှိဘဲ နှစ်သစ်ကူးကာလရက်များတွင် လိုဏ်ဂူအတွင်း ငါးလွှတ်ခြင်းကိုလည်းပြုလုပ်လေ့ရှိကြောင်း သိရသည်။

ထို့ပြင် ဖောင်တော်ဦးစေတီနှင့် ရေတံခွန်သည် ဘားအံမြို့နှင့် (၂၄) မိုင်ခန့် ကွာဝေးသည့် လှိုင်းဘွဲမြို့နယ် ၊ ကျောက်တောင် ကျေးရွာတွင်ရှိသည့် ဆုတောင်းပြည့်ဖောင်တော်ဦးစေတီကို ခရီးသွားများသွားရောက်ဖူးမြော်နိုင်စေရန်မြေပြင်ကွင်းဆင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်ဖြင့်သွားရောက်ပါက (၄၅) မိနစ်ခန့်သာ ကြာမြင့်ပြီး လမ်းပန်းဆက်သွယ်ရေးလည်း လုံခြုံကောင်းမွန်ခြင်းကြောင့် ရာသီမရွေး သွားလာလည်ပတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဖောင်တော်ဦးစေတီနှင့် ရေတံခွန်ဆီသို့ နေ့စဉ် ဧည့်သည်ဦးရေ (၂၀၀) မှ (၃၀၀) ကြား လာရောက် လည်ပတ်နေကြပြီး လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်များကို သက်သတ်လွတ်ထမင်း/ ဟင်းများနှင့် နေ့စဉ် တည်ခင်းဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here