မြန်မာ – လာအိုနယ်စပ်ဒေသ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသခံများနှင့်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း

0
73

မြန်မာ – လာအို နယ်စပ်ဒေသ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသခံများနှင့်ပူးပေါင်းဆောင်ရွက်ရန်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက တိုက်တွန်းထားသည်။

ဩဂုတ် (၁၈) ရက်တွင် လာအို – မြန်မာ ချစ်ကြည်ရေးတံတားသို့ ရောက်ရှိကာ မြန်မာ – လာအို နယ်စပ်ဒေသ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လာအို – မြန်မာ ချစ်ကြည်ရေးတံတားအနီးရှိ ကျိုင်းလပ်ကုန်သွယ်ရေးစခန်း၌ ကျိုင်းလတ်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ကုန်သွယ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဌာဆိုင်ရာဝန် ထမ်းများအနေဖြင့် ဒေသ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသခံများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို တိတိကျကျလိုက်နာ၍ပြည်သူ့ဝန်ဆောင်မှုများပေးနိုင်ရန် အားပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here