ဟူနန်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်း၊လူ ၅၀ထက်မနည်း ‌ေ-သဆုံး

0
77
This aerial photo taken on July 28, 2024 shows a flood-affected village following heavy rains caused by Typhoon Gaemi in Zixing, in central China's Hunan province. (Photo by AFP)

ပေကျင်း၊ဩဂုတ် ၂၀

ဇူလိုင်လနှောင်းပိုင်းကတည်းက တရုတ်နိုင်ငံအလယ်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကြားမှပင် လူ ၅၀ ထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းသိရသည်။

ဟူနန်ပြည်နယ် ဇီရှင်မြို့၌မူ လူပေါင်း ၁၅ ယောက်ခန့်ပျောက်ဆုံးနေသေးသည်ဟု စီစီတီဗွီသတင်းဌာန၏ကြေငြာချက်အရသိရှိရသည်။

လက်ရှိတွင် ဇီရှင်မြို့၏ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ကျေးရွာများအားလုံးသည် လမ်းပန်းဆက်သွယ်‌ရေးများ၊လျှပ်စစ်မီး၊ဆက်သွယ်ရေးနှင့် ရေတို့ကို ပြန်လည်ရရှိနေပြီဖြစ်သည်ဟုလည်း စီစီတီဗွီကပြောကြားခဲ့သည်။

ဘေးဒဏ်သင့်ဒေသများ၌ နေထိုင်သူဒေသခံများကို စနစ်တကျ ပြန်လည်နေရာချထားပေးပြီး၊ သဘာဝဘေးဒဏ်ခံရပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများလည်း ပြန်လည်လုပ်ဆောင်နေကြောင်းလည်းသိရသည်။

ဖိလစ်ပိုင်နှင့်ထိုင်ဝမ်တို့မှရွေ့လျားလာသည့် တိုင်ဖွန်းမုန်တိုင်းဂါမီသည် တရုတ်နိုင်ငံသို့ပါလာရောက်ထိခတ်ရာမှ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်ပေါ်ကာ လူအ‌ေ-သအပျောက်များရှိခဲ့ပြီး အာဏာပိုင်များအနေဖြင့် ပြည်သူ ၃၀၀,၀၀၀ ကျော်ကိုနေရာရွှေ့ပြောင်းပေးခဲ့ပြီး အများပြည်သူသုံးလမ်းပန်းဆက်သွယ်ရေးများအားရပ်ဆိုင်းခဲ့ရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here