အာဖဂန် ဒုက္ခသည် ပြောင်းရွှေ့နေရာချထားရေး ကန်နှင့် ဖိလစ်ပိုင် သဘောတူ

0
164

အာဖဂန်နစ္စတန် နိုင်ငံသားများကို အရေအတွက် အကန့်အသတ်ဖြင့် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန်နှင့် ယာယီနေထိုင်ခွင့်ပေးရန် အမေရိက၏ တောင်းဆိုချက်ကို ဖိလစ်ပိုင်အစိုးရက သဘောတူခဲ့သည်ဟု နိုင်ငံခြားရေးဋ္ဌာနက အင်္ဂါနေ့(သြဂုတ် ၂၀) တွင် ပြောဆိုသည်။

ဝါရှင်တန်နှင့် သဘောတူညီချက်အရ ဖိလစ်ပိုင်တွင် နေထိုင်ခွင့်ပြုမည့် အာဖဂန်နိုင်ငံသားများအတွက် အစားအစာ၊ နေရာထိုင်ခင်း၊ လုံခြုံရေး၊ ဆေးဝါးနှင့် အမေရိကသို့ ပြန်လည်နေရာမချမီ ဗီဇာကိစ္စအပြီးသတ်မည့် သယ်ယူပို့ဆောင်ရေး အပါအဝင် လိုအပ်သည့် ဝန်ဆောင်မှုများကို အမေရိက က ပံ့ပိုးပေးသွားမှာဖြစ်သည်ဟု နိုင်ငံခြားရေး ဌာန က ပြောသည်။

သဘောတူညီချက်ကို ထိရောက်စွာအကောင်အထည်ဖော်ရန်အတွက် လိုအပ်သော နောက်ဆုံးအဆင့် ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို လက်ရှိတွင် လုပ်ဆောင်နေပြီဟုလည်း ၎င်း ဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အမေရိကန်ပြည်ထောင်စု၏ အာဖဂန် မဟာမိတ်များကို ထောက်ခံခဲ့မှုအတွက် ဖိလစ်ပိုင်အစိုးရအား ကျေးဇူးတင်ကြောင်းနှင့် ယင်းအတွက် ဖိလစ်ပိုင်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ကာလ ရှည်ကြာပြီး အပြုသဘောဆောင်သော သမိုင်းကြောင်းကို အသိအမှတ်ပြုပါကြောင်း ဝါရှင်တန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

အမေရိက ကို ထောက်ခံသူများဟု ဆိုသည့် အာဖဂန်နိုင်ငံသားများသည် အမေရိကတွင် ပြန်လည်အခြေချခွင့်အတွက် ထုတ်ပေးသည့် ၎င်းတို့၏ အထူးရွှေ့ပြောင်းနေထိုင်သူဗီဇာ ထုတ်ပေးလာချိန်အထိ ဖိလစ်ပိုင်နိုင်ငံအတွင်း ယာယီနေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသို့ ပို့ဆောင်သွားမည့် အာဖဂန်နိုင်ငံသား အရေအတွက် မည်မျှရှိသည်ကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

Ref: GMA News Online


LEAVE A REPLY

Please enter your comment!
Please enter your name here