လှည်းတန်း ဖုန်းအရောင်းဆိုင်တစ်ခုမှ ဖုန်းပြင်ဝန်ထမ်း ‌ေ-သနတ်ဖြင့်ပစ်ခံရ၍ ဒဏ်ရာရ

0
336

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဦးထွန်းလင်းခြံလမ်းရှိ ဖုန်းအရောင်းဆိုင်မှ ဖုန်းပြင်ဝန်ထမ်းအား လ-က်န-က်ကိုင်ဆောင်သူ (၂)ဦးမှ ‌ေ-သနတ်ဖြ င့် ဝင်ရောက်ပစ်ခတ်ခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ သြဂုတ် (၁၉)ရက်၊ ည (၉)နာရီ (၄၅)မိ နစ်အချိန်ခန့်က တိုက်အမှတ် (၃၁) ၊ လှေခါးခွင်တွင် ဖွင့်လှစ်ထားသော ဖုန်းအရောင်းဆိုင်မှ ကိုအောင်သက်ထွေး(ခ)ငယ်လေး (၂၁)နှစ်၊ (ဘ)ဦးပေါက်၊ ဖုန်းပြင်ဝန်ထမ်းအား လမ်းလျှောက်လာသူ လူငယ်နှစ်ဦးနက် တစ်ဦးက ‌ေ-သနတ်ဖြင့် (၂)ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ ထိုသို့ ‌ေ-သနတ်ဖြင့် ပစ်ခတ်ပြီး ရန်ကုန် – အင်းစိန်လမ်းမကြီး ဝဲဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ပတ်ဝန်းကျင်က ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကိုအောင်သက်ထွေးမှာ ဝဲဘက်ချိုစောင်း၌ ရှပ်ထိဒဏ်ရာ(၁)ချက်၊ ဝဲဘက် ခြေသလုံးတွင် ရှပ်ထိဒဏ်ရာ(၁)ချက်ရရှိခဲ့ရာ မာဃရိပ်ငြိမ်အသင်း လူနာ တင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here