နှစ်ရက်အတွင်း ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၃၄၀၀ ကျပ် ဝန်းကျင်ဖြင့် ဒေါ်လာ (၉၉) သန်းကျော်ထုတ်ရောင်းပေးထား

0
98

ပြီးခဲ့သည့် ဩဂုတ်လ (၁၄) ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း (၁၀၀)ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ကြေညာခဲ့ပြီးနောက်ပိုင်း ဩဂုတ်လ (၁၅) ရက်တွင် တစ်ဒေါ်လာ ကျပ် (၃၄၀၀) ဖြင့် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်းနှင့် ဩဂုတ်လ (၁၉) ရက် (ယမန်နေ့)တွင် တစ်ဒေါ်လာ ကျပ် (၃၄၁၀) ဖြင့် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း ထုတ်ရောင်းပေးထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်တွင် တစ်ဒေါ်လာ (၇၀၀၀) ကျပ်ကျော်အထိ မြင့်တက်ခဲ့သည့်အတွက် စက်သုံးဆီကဏ္ဍတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ရသည့်အတွက် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း (၁၀၀)ပံ့ပိုးပေးသွားမည်ဟု အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ပြင်ပငွေကြေးဈေးကွက်တွင် တစ်ဒေါ် လာ (၆၃၀၀)ကျပ် ဝန်းကျင်ဖြင့် ဈေးရှိနေကြောင်း၊ ယင်းကဲ့သို့ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်နေသော်လည်း ဈေးကွက်အတွင်း အရောင်းရပ်နားထားမှုများရှိကြောင်း အရောင်းအဝယ်အေးနေကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ်လ ပထမအပတ်တွင် ‌စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၅)သန်းနှင့် တရုတ်ယွမ် (၅)သန်း ဗဟိုဘဏ်မှ ရောင်းချပေးထားသလို ပြီးခဲ့သည့် ရက်သတ္တပတ်တွင်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် ဒေါ်လာ (၆) သန်း၊ ယွမ် (၅) သန်းနှင့် ထိုင်းဘတ် (၁၀) သန်း ထပ်မံရောင်းချပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here