ဗီယက်နမ်မြောက်ပိုင်းရေကြီး၊ ကျောင်းများ ပိတ်ထားရ

0
176

ဟနွိုင်း၊ဩဂုတ် ၂၀

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ ရေကြီးကာမြေပြိုသဖြင့် နေအိမ်များနှင့်ကောက်ပဲသီးနှံများပျက်စီးကာ ဒေသခံပြည်သူအများအပြားလည်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး ေထာင်နှင့်ချီေသာ ကလေ-းငယ်များစာသင်ယူရာ ကျောင်းများကိုလည်းပိတ်ထားရကြောင်းသိရသည်။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ရာသီဥတုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသည်။အိမ်ခြေ ၂၉,၀၀၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ပြီး ကောက်ပဲသီးနှံ ၉၀,၀၀၀ ဟက်တာ ပျက်ဆီးခဲ့ကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။

ဆွန်လာပြည်နယ်တွင် အဆိုပါရေကြီးမှုကြောင့် လူပေါင်း ၁ ဒသမ ၃ သန်းခန့် ထိခိုက်ခဲ့ပြီး Save the Children ၏အဆိုအရ ကျေးလက်လမ်းများကျိုးပဲ့ကာ တံတားများကျိုးကျခဲ့ပြီး လမ်းများလည်းအများအပြားပျက်စီးခဲ့ရသည်ဟုလည်းသိရသည်။

အဆိုပါဒေသ၌ပင် လူ ၁၁ ဦး‌ေ-သဆုံးခဲ့ပြီး အိမ်ခြေ ၂,၆၇၀ နှင့် ကျောင်း ၂၉ ကျောင်းပျက်စီးခဲ့ကြောင်း ဗီယက်နမ်သဘာဝဘေးအန္တရာယ်ဆိုင်ရာတာဝန်ရှိသူများကပြောကြားခဲ့သည်။အဆိုပါဖြစ်စဉ်ကြောင့် က-လေးငယ်ပေါင်း ၄,၅၀၀ ခန့်သည် ဘေးကင်းရေးဆိုင်ရာအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်းလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here