မျောက် ကျောက်သည် ကိုဗစ်မျိုးကွဲအသစ်မဟုတ်–ကမ္ဘာ့ကျန်းမာရေးအဖွဲ့

0
409

ဘာလင်၊ဩဂုတ် ၂၀

မျောက် ကျောက် (mpox) သည် မျိုးကွဲအသစ်ဖြစ်စေ အဟောင်းဖြစ်စေ ကိုဗစ်မျိုးကွဲအသစ်မဟုတ်ဘဲ ကျန်းမာရေးအာဏာပိုင်များအနေဖြင့် mpox ပျံ့နှံ့မှုကို မည်သို့ကိုင်တွယ်ထိန်းချုပ်ရမည်ကိုသိရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ mpox ကို အတူတကွကိုင်တွယ်ဖြေရှင်းနိုင်ရပါမယ်၊ဒီရောဂါကိုထိန်းချုပ်ပြီး ချေမှုန်းနိုင်ဖို့ စီစဉ်ဆောင်ရွက်မလား၊ဒါမှမဟုတ် အထိတ်တလန့်နဲ့ လျစ်လျူရှုထားလိုက်ပြီး နောက်ထပ် ကပ်ရောဂါလိုမျိုးအဖြစ်ခံမလားဆိုတာ ရွေးချယ်ရမှာပါ၊ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့လုပ်လိုက်မဲ့ စမ်းသပ်မှု၊ဖန်တီးမှုတွေဟာ ဥရောပနဲ့ကမ္ဘာတစ်ဝန်း အတွက် လက်ရှိအချိန်မှာရော နောင်လာမဲ့အနာဂတ်အတွက်ပါအရေးကြီးပါတယ်” ဟုလည်း ၄င်းကပြောကြားခဲ့သည်။

mpox သည် ပြည်တည်နာများနှင့် တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများဖြစ်စေပြီး မပြင်းထန်သော်လည်း ‌ေ-သဆုံးနိုင်ကာ အထူးသဖြင့် clade 1b အမျိုးအစား mpox သည် ပုံမှန်ထိတွေ့ရုံမျှနှင့်ကူးစက်နိုင်သောကြောင့် တစ်ကမ္ဘာလုံးတွင် စိုးရိမ်မှုကိုဖြစ်ပေါ်စေခဲ့သည်။

အာဖရိကရှိ ကွန်ဂိုနိုင်ငံမှစတင်ဖြစ်ပွားခဲ့သောအဆိုပါ mpox ရောဂါကို မူလက မျောက်ကျောက်ရောဂါဟုခေါ်ဆိုခဲ့ကြပြီး ပြီးခဲ့သည့်အပတ်က ဆွီဒင်နိုင်ငံတွင်စတင်တွေ့ရှိခဲ့ကြောင်းလည်းသိရသည်။

mpox ရောဂါသည် လိင်ဆက်ဆံမှုအပါအဝင် အနီးကပ်ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ကူးစက်နိုင်သော်လည်း ကိုဗစ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သောရောဂါမျိုးတော့မဟုတ်ကြောင်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here