မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အခြေခံမော်တာ စက်ချုပ်သင်တန်း ဖွင့်လှစ်မည်

0
235

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးပြီး အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဥ် (၂၄၂) ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်မှ စက်တင်ဘာလ (၁၃) ရက်ထိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRD C) တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အထည်ချုပ်လုပ်ခြင်းဆိုင်ရာတွင် သိသင့်သိထိုက်သည့် ဗဟုသုတများ၊ ချုပ်နည်းအဆင့်ဆင့်များကို လက်တွေ့သင်ကြားမှုများဖြင့် သင်ကြားပေးသွားမှာဖြစ်ပြီး အလုပ်သမား ဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းကို အထည်ချုပ်စက်ရုံများ နှင့် နယ်ဝေးမှအလုပ်အကိုင်ရှာဖွေနေသူများ ၊ အထည်ချုပ်စက်ရုံများတွင်လုပ်ကိုင်ရန်စိတ်ဝင်စားသူတို့အကြား ချိတ်ဆက်ပေးပြီး အ လုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက အထည်ချုပ် စက်ရုံများဖြင့် ချိတ်ဆက်ကာ အလုပ်ရရှိရန် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGH RDC) အမှတ် ၄၀၀ /ဘီ၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၀၉ ၉၄၀၈၅ ၈၃၅၀, ၀၉ ၄၅၀၇၂၃၂၆၂, ၀၉ ၄၀၃၉၁၂၅၇၀, ၀၉ ၇၈၄၀ ၈၅၇၉၄, ၀၉ ၉၅၂၈၀၂၆၃၅ ကို ဆက်သွယ်စာရင်းပေးသွ င်းတက်ရောက်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here