စက်သုံးဆီ အခက် EV အချက်

0
449

ပြည်တွင်း၌ မကြာခဏ စက်သုံးဆီပြတ်လပ်မှုများရှိနေခြင်းကြောင့် EV ကားဝယ်ယူရန် စိတ်ဝင်စားမှုများရှိလာကြောင်း EV ကားဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

လက်ရှိတွင် EV ကားဈေးကွက်အတွင်း လပြတ်ဖြင့်ငှားရမ်းမှုများရှိလာသလို အရောင်းအဝယ်သည်လည်း ယခင်ကထက် စိတ်ဝင်စားမှုများရှိလာကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း နိုင်ငံအတွက် ဦးစားပေးတင်သွင်းရန် လိုအပ်သည့်ကုန်ပစ္စည်းများ တင်သွင်းနိုင်ရန်ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ လျှပ်စစ်သုံးယာဉ်(Electric Vehicle) များကို ပို့ကုန်ရငွေ (Export Earning) ရှိလျှင် ဦးစားပေးတင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ထို့ကြောင့် ကိုယ်ပိုင် Export ရှိသည့် ကားတင်သွင်းသူများအနေဖြင့် ပို့ကုန်ရငွေဖြင့် EV ကားများကို FESC (ဦးဆောင်ကော်မတီ) ၏ ခွင့်ပြုချက်ကို တန်းစီစောင့်ရန်မလိုဘဲ တင်သွင်းခွင့်ရမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းတစ်လိုင်းဖြစ်သည့် မန္တလာမင်း ယာဉ်လိုင်းသည်လည်း EV Express ယာဉ်တစ်စီးဖြင့် စတင်ပြေးဆွဲပေးနေသည်ကိုလည်း တွေ့မြင်ရသည်။

EV ကားများ စတင်တင်သွင်းခွင့်ပြုသည့်အချိန်မှစ၍ လက်ရှိ ၂၀၂၄ ခုနှစ် မေလကုန်အထိ ကားစီးရေ (၄၃၀ဝ) ကျော်ရှိကြောင်း သိရသည်။

ယခင်က လျှပ်စစ်မီးအလုံအလောက်မရရှိမှု ၊ မကြာခဏနှင့် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် EV ကား နှင့် ပတ်သက်၍ စိတ်ဝင်စားမှုနည်းပါးသည့်အပြင် ဝေဖန်ပြောဆိုမှုများပင် ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုလက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုထက် စက်သုံးဆီပြတ်လပ်မှုက ပိုမိုအခြေနေဆိုးနေသည့်အတွက် ပုံမှန်အသုံးပြုနေကျ ဆီကားများထက် EV ကားများကို ဝယ်ယူရန် စိတ်ဝင်စားမှု မြင့်တက်လာသည်ကို စုံစမ်းသိရသည်။

၂၀၂၃ ခုနှစ်တွင် EV ကား ပေါ်လစီကြေညာချိန်၌ ပထမဆုံး လိုင်စင်ရ ကုမ္ပဏီ(၉)ခုရှိပြီး နောက်ပိုင်းတွင် တင်သွင်းခွင့်ရကုမ္ပဏီပေါင်း (၈၀)‌ကျော်အထိ ရှိလာကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here