မြဝတီတွင် အိမ်ထောင်စုစာရင်းရှိသူများကိုသာ UID ကတ်ပြုလုပ်ပေးနေ

0
313

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အိမ်ထောင်စုစာရင်းရှိသူများကိုသာ UID ကတ်ပြုလုပ်ပေးနေပြီး အိမ်ထောင်စုစာရင်းမရှိသူများအား ထုတ်မပေးတော့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့သို့ လုပ်ဆောင်ရာတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိသူများဖြစ်ရမည် ဖြစ်ပြီး အချက်အလက်မှန်ပါက နေ့ချင်းပြီးရနိုင်ကြောင်း သိရသည်။

အကယ်၍ အချက်အလက်များ လွဲမှားနေပါက မြဝတီမြို့နယ်အတွင်းဖြစ်သည့်အတွက် သုံးလေးရက်သာ စောင့်ဆိုင်းရမည်ဖြစ်ကြောင်းလည်း သိရသည်။

” မြဝတီမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိသူတွေကိုပဲ ပြုလုပ်ပေးနေပါပြီ။ အရင်ကလို လူတိုးဖို့ မလိုတော့ဘူး။ ဒီနေ့လုပ် ဒီနေ့ရပါတယ်။ အဆင်မပြေမှုရှိရင် ခရိုင် လဝကမှူးဆီ တိုက်ရိုက်ဝင်တွေ့ပြောကြားနိုင်တယ်။ ပွဲစားနဲ့လုပ်ထားတဲ့ အရှုပ်အထွေးတွေတော့မပါဘူးပေါ့” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ပွဲစားများဖြင့် ပြုလုပ်ရန် မလိုအပ်ကြောင်းနှင့် အခကြေးငွေပေး၍ အမြန်လုပ်ဆောင်ရန်လည်း မလိုအပ်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးရွယ်အိုများအတွက်လည်း ခရိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အထူးအစီစဥ်ဖြင့် ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here