<<<<< Breaking News >>>>

0
466

မျောက်ကျောက် မျိုးကွဲဗိုင်းရပ်စ်အသစ် ကူးစက်ခံ သံသယလူနာသစ်တစ်ဦးတွေ့ရှိဟု ထိုင်းကြေညာ

WHO က အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသည့် မျောက်ကျောက်ရောဂါ၏ ပိုမို အန္တရာယ်ရှိသော မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခြင်းခံနေရသည်ဟု သံသယရှိဖွယ် ပထမဆုံးလူနာတစ်ဦးကို ထိုင်းနိုင်ငံတွင် စစ်ဆေးတွေ့ရှိကြောင်း ဗုဒ္ဓဟူးနေ့တွင် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သံသယလူနာသည် အာဖရိက နိုင်ငံတစ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ရောက်ရှိလာသည့် ဥရောပနိုင်ငံသားတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံ ရောဂါဘယထိန်းချုပ်ရေးဌာန၏ အကြီးအကဲ Thongchai Keeratihattayakorn က ပြောသည်။

ဓာတ်ခွဲစစ်ဆေးမှု မပြီးသေးသဖြင့် မျောက်ကျောက်မျိုးကွဲဗိုင်းရပ်စ်အမည်ကို အတည်မပြုနိုင်သေးသော်လည်း ယင်းသည် မျောက်ကျောက်ရောဂါ Clade 1 မျိုးကွဲဖြစ်မည်ဟု ယုံကြည်ရကြောင်း တာဝန်ရှိသူများကဆိုသည်။ ဓာတ်ခွဲအဖြေကို သိရှိရန် နောက်ထပ် ၂ ရက်စောင့်ဆိုင်းရဦးမည်ဟုလည်း တာဝန်ရှိသူများကဆိုကြသည်။

ရောဂါကူးစက်ခြင်းခံနေရသူအား ဆေးရုံတွင် ကွာရန်တင်းဝင်ထားစေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here