နေပြည်တော်လိုနေရာ၌ပင် မြေအောက်ကေဘယ် မီးကြိုးများ ဖြတ်တောက်ခိုးယူသည့်အမျိုးသား လှည့်ကင်းအဖွဲ့နှင့် ပက်ပင်းတိုး

0
205

နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း မြေအောက် ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသည့် အမျိုးသားတစ်ဦးအား မြေအောက်ကေဘယ်မီးကြိုးဖြတ်စခွေ(၁၆)ခွေ အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘုရားကုန်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တပ်ကုန်းမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဩဂုတ် (၁၉) ရက် နံနက် (၃) နာရီခွဲအချိန်က နယ်မြေအတွင်း လှည့်ကင်းလှည့်နေစဉ် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်း၊ သတ္တသတ္တာဟ ဘုရားနှင့် သပြေစမ်းကျေးရွာကြား လမ်းလယ်ကျွန်းပေါ်၌ မင်္သကာဖွယ်ရာ အမျိုးသားတစ်ဦးအား တွေ့ရှိ၍ စစ်ဆေးခဲ့ကြောင်း သိရသည်။ 

၎င်းအမျိုးသားမှာ ပုဗ္ဗသီရိမြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ ကျော်စိုး (၄၅)နှစ်(ဘ)ဦးတင်မောင်ဖြစ်ပြီး ၎င်းထံမှ ဖြတ်တောက်ခိုးယူထားသည့် မြေအောက်ကေဘယ်မီးကြိုးဖြတ် စခွေ(၁၆)ခွေ၊ ဂေါ်ပြား(၁) လက်၊ ဓားမ(၁)ချောင်း၊ မီးကြိုးခွာရာတွင် အသုံးပြုသော အဝါရောင်လက်ညှစ်ဓား (၂) ချောင်း၊ ဓားဆံဘူး(၁)ဘူး၊ ဂက်စ်မီးခြစ်တစ်လုံး၊ လွယ်အိတ် (၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိတရားခံ ကျော်စိုးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here