ရုရှားနိုင်ငံ Seym မြစ်ပေါ်ရှိ တံတား ၃ စင်းကို ယူကရိန်းတို့ ဖျက်ဆီး

0
477

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံ အနောက်ဘက်ရှိ Kursk ဒေသရှိ Seym မြစ်ပေါ်ရှိ တံတား ၃ စင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှားသတင်းရင်းမြစ်များကပြောသည်။

ယူကရိန်းတို့သည် တံတားတစ်စင်းကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့ပြီး အခြားတံတားနှစ်ခုကိုလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးစေခဲ့ကြောင်း ရုရှားစစ်ဘက် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။ ပျက်စီးမှု အတိုင်းအတာကိုမူရှင်းရှင်းလင်းလင်း မသိရသေးချေ။

“Karyzh ရွာရှိ လူနေအိမ်အဆောက်အအုံများနှင့် အရပ်သားအခြေခံအဆောက်အအုံများကို ဒုံးပျံနှင့် အမြောက်လက်နက်များအသုံးပြု၍ ပစ်မှတ်ထား ပစ်ခတ်ခြင်းကြောင့် … Seym မြစ်ပေါ်ရှိ တတိယတံတားတစ်စင်း ပျက်စီးသွားသည်” ဟု ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ၏ အမည်မဖော်လိုသူ ကိုယ်စားလှယ်က ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ Kursk ဒေသသို့ ယူကရိန်း၏ ကျုးကျော်မှုသည် စစ်ပွဲ၏ လမ်းကြောင်းကို ပြောင်းလဲစေပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားကို ပထမဆုံး တိုက်ခိုက်ခြင်းဟု ဆိုနိုင်သည်။

Kursk ရှိ Seym မြစ်ပေါ်ရှိ တံတားသုံးစင်းကို ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းနယ်စပ်ကြားတွင် ရုရှားတပ်ဖွဲ့ဝင်များကို ပိတ်မိစေနိုင်သည်။ ယူကရိန်းက သြဂုတ် ၆ ရက်က စတင်ခဲ့တဲ့ Kursk ကျုးကျော်မှုကို ရုရှားဘက်က တုံ့ပြန်မှု နှေးကွေးနေပုံပေါ်ကြောင်း လေ့လာသူတို့ကဆိုသည်။ ယူကရိန်းတို့ ရုရှားနိုင်ငံအနောက်ပိုင်းသို့ ကျုးကျော်ဝင်ရောက်လာမှုသည် ယခုဆိုလျှင် ရက်သတ္တ ၃ ပတ်ရှိလာပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here