အမေဇုန်တောမီးလောင်၍လေထုညစ်ညမ်းလျက်ရှိ

0
213

ပေါ်တိုဗဲလ်လို၊ဩဂုတ် ၂၁

ဘရာဇီးနိုင်ငံ ပေါ်တိုဗဲလ်လို ဒေသ၌ တောမီးများလောင်ကျွမ်းနေသဖြင့် မီးခိုးများကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်နေကြောင်းသိရှိရသည်။

တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေသည့်ဒေသများတွင် ကင်ဆာဖြစ်စေနိုင်သည့် PM 2.5 အမှုန်များပါဝင်မှုသည် လေထု တစ်ကုဗမီတာလျှင် ၅၆ ဒသမ ၅ မိုက်ခရိုဂရမ်အထိပါဝင်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတ်မှတ်ထားသည့်ပမာဏထက် ၁၁ ‌ဆကျော်နေကြောင်းသည်။

PM2.5 ကို ရှူရှိုက်မိလျှင် အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊လေဖြတ်ခြင်း၊ဆီးချိုရောဂါ နှင့် အခြားသောကျန်းမာရေးပြဿနာများကိုပါ ဖြစ်နိုင်ခြေပိုများသည်ဟုဆိုသည်။

လေထုညစ်ညမ်းမှုဆိုးရွားနေသဖြင့်လည်း အိမ်ထဲမှအိမ်ပြင်မထွက်သော်လည်း မီးခိုးများ၏ဒဏ်ကိုမူ ခံနေကြရသေးသည်။

သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှူးများကလည်း တောမီးသည် တစ်ခါတစ်ရံ တောင်ယာများကို မီးရှို့ရှင်းလင်းရာမှ မီးကို မ‌ထိန်းနိုင်ဘဲ တောမီးလောင်ကျွမ်းသဖြင့် ယင်းသို့ပြုလုပ်မှုများကိုတွေ့ရှိပါက သက်ဆိုင်ရာထံအကြောင်းကြားပေးရန်လည်းနှိုးဆော်ထားသည်။

Source : အေအက်ဖ်ပီ/အင်န်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here