ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်မှာ ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး
ဟူ၍ဖြစ်

0
147

လာမည့် စက်တင်ဘာ (၂၇) ရက်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကစီစဉ်လျှက်ရှိသည်။

ကမ္ဘာ့နိုင်ငံပေါင်း (၁၅၉) နိုင်ငံဖြင့် ပါဝင်ဖွဲ့စည်းထားသော ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် နှစ်စဉ် စက်တင်ဘာ (၂၇) ရက်ကို “ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့” အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင်နိုင်ငံများက အဆိုပါနေ့တွင် အခမ်းအနားများကျင်းပလေ့ရှိသည်။

မြန်မာနိုင်ငံကလည်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကို ဩဂုတ် (၂၀) ရက် နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သေးသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ်အတွက် Georgia နိုင်ငံက အိမ်ရှင် Host Country အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး၊မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်မှစတင်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလာခဲ့ရာ ယခုနှစ်အပါအဝင် (၁၃)ကြိမ်ရှိပြီဖြစ်သည်။

ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် နှစ်အလိုက်ဆောင်ပုဒ်များကို သတ်မှတ်ပေးလေ့ရှိပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ Tourism and Peace ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် “ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး”ဟု အဓိပ္ပာယ်ဖွင့်ဆို၍ ဆောင်ပုဒ်အား သတ်မှတ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများနှင့် ဓာတ်ပုံပြပွဲ၊ ခရီးသွားမြှင့်တင်ရေး Short Video Clip ပြိုင်ပွဲတို့ကို စီစဉ်ကျင်းပမည်ဖြစ်ပြီး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲခေါင်းစဉ်များကိုလည်း လက်ရှိခရီးသွားလုပ်ငန်းကဏ္ဍကို ထင်ဟပ်စေသောခေါင်းစဉ်များကို ရွေးချယ်ထားပြီး ပြိုင်ပွဲသို့ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ရန်ကုန်)တို့မှ ကျောင်းသား ကျောင်းသူများနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ကျရာ ခေါင်းစဉ်များကို အားသွန်ခွန်စိုက်ယှဉ်ပြိုင်ကြစေလိုကြောင်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here