မျောက်ကျောက် သံသယကြောင့် အာဂျင်တီးနားက ကုန်သင်္ဘောတစ်စင်းကို ကွာရန်တင်းဝင်ခိုင်း 

0
159

သံသယဖြစ်ဖွယ် mpox(မျောက်ကျောက်) လူနာတစ်ဦးကို တွေ့ရှိခဲ့သောကြောင့် ပါရာနာမြစ်ကြောင်းအတွင်းရှိ ကုန်သင်္ဘောတစ်စီးကို ကွာရန်တင်းဝင်ခိုင်းကာ သီးခြားခွဲထားလိုက်သည်ဟု အစိုးရက အင်္ဂါနေ့တွင် ပြောဆိုသည်။

အာဂျင်တီးနား၏ ကုန်တွင်းပိုင်း ကောက်ပဲသီးနှံဆိပ်ကမ်း ဖြစ်သော Rosario အနီးရှိ ကုန်သင်္ဘောပေါ်တွင် အိန္ဒိယနိုင်ငံသား သင်္ဘောသားတစ်ဦးမှာ ရင်ဘတ်နှင့် မျက်နှာတို့၌ အဖုအပိန့်များ ထွက်ပေါ်နေခဲ့သည်ဟု အာဏာပိုင်များထံ သတိပေးအကြောင်းကြာခဲ့ကြောင်း အာဂျင်တီးနား ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

အဆိုပါ သံသယလူနာကို အခြားသင်္ဘောသားများနှင့် ခွဲထားကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နေသည်ဟု ဝန်ကြီးဋ္ဌာနက ဆိုသည်။ Santa Fe ပြည်နယ် San Lorenzo ဆိပ်ကမ်းသို့ ခုတ်မောင်းနေခြင်းဖြစ်သည့် သင်္ဘောသည် မြစ်ကြောင်းအတွင်း ကျောက်ချရပ်နားထားသည်ဟု သိရသည်။

အာဂျင်တီးနားနိုင်ငံတွင် mpox လူနာ ၈ ဦး တွေ့ရှိထားခဲ့ကြောင်းသိရသော်လည်း အားလုံးသည် ဗိုင်းရပ်စ်မျိုးကွဲဖြစ်သည့် clad Ib ကူးစက်လူနာများ မဟုတ်ကြောင်း သိရသည်။

ကွာရန်တင်း ဝင်ခိုင်းသော လိုက်ဘေးရီးယားအလံလွှင့် သင်္ဘောသည် ဘရာဇီးနိုင်ငံ ဆန်းတို့စ်မြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်။ သင်္ဘောပေါ်သို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသာ တက်ရောက်ခွင့်ပြုထားပြီး ဓါတ်ခွဲအဖြေမရခင်အထိ သင်္ဘောသားအားလုံးကို သီးခြားခွဲထားမည်ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ဆက်လက် ပြောဆိုခဲ့သည်။

သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here