အီရန်မှာ ဘုရားဖူးယာဉ် တိမ်းမှော-က်ကာ မီးလောင်၍ လူ ၂၈ ဦး ‌ေ-သဆုံး

0
194

အီရတ်နိုင်ငံရှိ ရှီးယားမွတ်ဆလင်တို့၏ ဝတ်ပြုဆုတောင်းပွဲတစ်ခုသို့ သွားရောက်မည့် ပါကစ္စတန် ဘုရားဖူးယာဉ်တစ်စီးသည် အီရန်နိုင်ငံအလယ်ပိုင်းတွင် တိမ်းမှေ-ာက်ခဲ့ရာ လူ ၂၈ ဦး ‌ေ-သဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့(သြဂုတ် ၂၁) အစောပိုင်းတွင် သတင်းထုတ်ပြန်သည်။

ပါကစ္စတန်ဘုရားဖူး ၅၁ ဦးလိုက်ပါလာသည့် ဘတ်စ်ကားသည် အင်္ဂါနေ့ညပိုင်းက အလယ်ပိုင်း ယာ့ဒ်ပြည်နယ် Dehshir-Taft စစ်ဆေးရေးဂိတ်ရှေ့တွင် တိမ်းမှော-က်ကာ မီးစွဲလောင်ခဲ့သည်ဟု နိုင်ငံပိုင် ရုပ်သံက ဖော်ပြသည်။

လူ ၂၈ ဦး‌ေ-သဆုံးခဲ့ကာ ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ‌ေ-သဆုံးဦးရေ တိုးလာနိုင်သေးကြောင်း သတင်းမှာ ဆက်လက်ဖော်ပြခဲ့သည်။ ဒဏ်ရာရသူများထဲမှ အချို့သည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု ယာ့ဒ်ပြည်နယ် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဋ္ဌာန အကြီးအကဲ အလီမာလက် ဇာဒက်က ပြောဆိုခဲ့သည်။

“၂၃ ဦး ဒဏ်ရာရတဲ့အနက်က ၆ ဦး ဆေးရုံက ဆင်းသွားပါပြီ၊ ကျန်တဲ့ လူတွေက ၇ ဦးရဲ့ အခြေအနေက စိုးရိမ်ရတဲ့အနေအထားပါ” ဟု မာလက် ဇာဒက်က ဆိုခဲ့ပြီး ‌ေ-သဆုံးသူများတွင် အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၁၇ ဦး ပါဝင်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

အီရန် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ပဏာမစစ်ဆေးချက်အရ ဘတ်စ်ကား၏ ဘရိတ်စနစ်တွင် နည်းပညာချို့ယွင်းမှုတစ်ခုကြောင့် ယာဉ်မတော်တဆမှုဖြစ်ခဲ့ရခြင်းဟု ဆိုခဲ့သည်။

Ref: အင်န်ဒီတီဗီ


LEAVE A REPLY

Please enter your comment!
Please enter your name here