ရေနီမြို့ရှိ စက္ကူစက်ရုံ ပြန်လည် လည်ပတ်ရန်ပြင်ဆင်နေ

0
165

ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ) ကို ပြန်လည် လည်ပတ်ရန်ပြင်ဆင်နေကြောင်း နိုင်ငံပိုင်သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

တစ်နေ့တန် (၂၀)ထုတ်လုပ်နိုင်သည့် ထုပ်ပိုးစက္ကူစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်နေမှု၊ စစ်ဆေးပြုပြင်ပြီး စက်ကိရိယာများ စမ်းသပ်လည်ပတ်မောင်းနှင်နေမှု၊ အလိုအလျောက်ထိန်းချုပ်မောင်းနှင်သည့်စနစ်များ စစ်ဆေးပြုပြင်နေမှုတို့ကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဩဂုတ် (၂၀) ရက်တွင် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

ကုန်ကြမ်းပစ္စည်းများအား စနစ်တကျသန့်စင်ပြီးမှသာ သုံးစွဲရန်၊ ကုန်ကြမ်းသန့်စင်မှု မရှိလျှင် ထုတ်လုပ်မှုနည်းစဉ် တလျှောက်တွင်လည်း ချွတ်ယွင်းမှုများဖြစ်ပေါ်လာနိုင်ပြီး ကုန်ချောများ၏ အရည်အသွေးကိုလည်း ထိခိုက်နိုင်မည်ဖြစ်သဖြင့် စနစ်တကျစစ်ဆေးပြီးမှသာ အသုံးပြုရန်၊ စက်ပစ္စည်းစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ စက်ပစ္စည်းများကို ရေရှည်အသုံးပြုနိုင်အောင် စနစ်တကျဆောင်ရွက်ရန်၊ စက်ရုံလည်ပတ်၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစက်ပစ္စည်းကိရိယာများကို အမြန်ဆုံး ဝယ်ယူဖြည့်တင်းရန်၊ စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများပြီးစီး၍ စဉ်ဆက်မပြတ်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများနှင့် စက်အရန်ပစ္စည်းများကို ပြည့်စုံစွာဖြည့်တင်းထားရှိရန် ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ပြည်တွင်း၌ ယခင်က စက္ကူထုတ်လုပ်မှုကို စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံ နှင့် သာပေါင်းစက္ကူစက်ရုံတို့တွင် ဆောင်ရွက်ခဲ့ပြီးအကြောင်း အမျိုးမျိုးကြောင့် ရပ်နားထားသည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စစ်တောင်း စက္ကူစက်ရုံအား သက်တမ်းကြာမြင့်ပြီဖြစ်သည့်အတွက် ဖျက်သိမ်းခဲ့ကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here