ရှမ်းပြည်နယ်တွင် ရေနစ်မြုပ်မှုကြောင့် စပါးဧကထောင်ချီ ရေနစ်မြုပ်

0
146

ရှမ်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး စပါးစိုက်ဧက (၉၀၀၀) ကျော် ရေနစ်မြုပ်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ရှမ်းပြည်နယ်အတွင်း မိုးနဲ၊ လင်းခေး၊ တောင်ကြီး၊ မောက်မယ်၊ မိုင်းပန်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းတုံ စသည့်မြို့နယ်များတွင် ပြီးခဲ့သည့်အပတ်မှစတင်ပြီး ဩဂုတ် (၁၈)ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး စပါးစိုက်ဧက (၉၀၀၀) ကျော်အထိ ရေနစ်မြုပ်နေကြောင်း သိရသည်။

အဆိုပါ ဒေသများတွင်ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာများတွင် လမ်းများရေနစ်မြုပ်နေပြီး တချို့နေအိမ်များတွင်လည်း ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လတွင် မိုးရွာသွန်းမှု များခဲ့ပြီး မြန်မာနိုင်ငံတွင်ရှိသည့် မိုးစပါးစိုက်ပျိုး ဧရိယာများမှ ဧကကိုးသိန်းကျော်၊ တစ်သန်းနီးပါး ရေလွှမ်းမိုးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ရေနစ်မြုပ်မှုကြောင့် ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စပါးစိုက်ခင်းများကို အတိုးမဲ့မျိုးစပါးနှင့် ဓာတ်မြေဩဇာဖိုးငွေ ကူညီပေးရန်စီစဉ်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here