မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် လျပ်စစ်မီး အပူလွန်ကဲရာမှ နေအိမ် (၂)လုံးမီးလောင်

0
71

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်၊ နယ်မြေ (၈)၊ လမ်းသွယ် (၂)တွင် သြဂုတ်လ (၂၁)ရက် နေလယ် (၁၁)နာရီခွဲခန့်က လျပ်စစ်မီးအပူလွန်ကဲရာမှ နေအိမ်နှစ်လုံး မီးလောင်ခဲ့ကြောင်းသိရသည်။

လျပ်စစ်မီးအား မြင့်တက်စဥ် ဖျူးမပြတ်ဘဲ အိပ်ယာဘေးသွယ်တန်းထားသော Extension ကြိုးခွေမှ အပူလွန်ကဲရှော့ဖြစ်ပြီး အနီးရှိမွေ့ယာမှတဆင့် နေအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုးထရံကာ အိမ်(၂)လုံးနှင့် လျပ်စစ်မီတာတစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ရာသို့ မုံရွာခရိုင်နှင့်မုံရွာမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ် အပါအဝင် စုစုပေါင်း (၆)စီး၊ ရေသယ်ယာဥ် (၂)စီး၊ သန္ဓေနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြိမ်းသတ်ရာ (၁၀) မိနစ်ကျော် အကြာတွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကို မုံရွာခရိုင်မီးသတ်ဦးစီးမှု လက်ထောက်ညွှန်ကြားရေးမှုး ဦးညီညီဇော်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မီးလောင်မှုဖြစ်စဥ်နှင့် ပတ်သက်၍ မုံရွာမြို့၊ နယ်မြေရဲ စခန်းမှ ရာဇသတ်ကြီးပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here