မော်ချီးဒေသတွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားကာ အမျိုးသားတစ်ဦး အသက်ဆုံးရှုံး

0
65

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့် ယမန်နေ့ ဩဂုတ်(၂၁)ရက် မွန်းလွဲပိုင်းအချိန်တွင် မြေပြိုကျမှုဖြစ်ပွားကာ အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မော်ချီးဒေသခံများထံမှ သိရသည်။

မြေပြိုမှုအတွင်း အသက်ဆုံးရှုံးခဲ့သူမှာ အသက် (၂၁)နှစ်အရွယ် ဒေသခံလူငယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ဆိုသည်။

“မြေပြိုတာမှန်ပါတယ်။ ‌ေ-သဆုံးတာက ညောင်ပင်ရပ်ကွက်လား၊ ကွက်သစ်ရပ်ကွက်လား ဆိုတာတော့ သေချာမသိရသေးဘူး။ မြေပြိုတာက အဲဒီရပ်ကွက်နှစ်ခုမှာဖြစ်တာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် မိုးရက်ဆက်ရွာသွန်းမှုကြောင့် မော်ချီဒေသအတွင်း လမ်းပိုင်းများပျက်စီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားနေပြီး၊ လူ‌ေ-သဆုံးမှုရှိသည့်အပြင် နေအိမ်ပျက်စီးမှုများလည်း ရှိကြောင်းသိရသည်။

မော်ချီးဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အလားတူ မြေပြိုမှုမျိုးဖြစ်ခဲ့သော်လည်း လူအ‌ေ-သအပျောက် မရှိခဲ့ အဆိုပါ ဒေသခံကပင် ပြောသည်။

မော်ချီးသည် လွိုင်ကော်မြို့၏ တောင်ဘက် (၉၃) မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ (၄,ဝဝဝ) ကျော်မြင့်သော အရပ်တွင် တည်ရှိပြီး ခဲမဖြူ၊ အဖြိုက်နက်နှင့် ခနောက်စိမ်း စသော အဖိုးတန် သတ္တုများထွက်ရှိသည့် ဒေသတစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here