မန္တလေး-သီပေါ ပြည်ထောင်စုလမ်းမကြီးအတိုင်းသွားလာနိုင်ပြီး နေရပ်ပြန်များပြားလာ ဟုဆို

0
76

မန္တလေး-သီပေါ ပြည်ထောင်စုလမ်းမကြီးအတိုင်းသွားလာနိုင်ပြီးဖြစ်ကာ၊ သီပေါဒေသခံစစ်ရှောင်များ နေရပ်ပြန်မှုများပြားလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဩဂုတ်(၂၂)ရက်တွင် မန္တလေးဘက်သို့ ဆင်းမည့် ခရီးသွားနည်းပါးပြီး၊ သီပေါသို့ပြန်လည်တက်လာသည့် ခရီးသွားများပြားနေခြင်းဖြစ်ကာ အများစုမှာ နေရပ်ပြန်ဒေသခံများဖြစ် ကြောင်း ဆိုသည်။

“လမ်းခရီးကတော့မန္တလေးက‌နေသီပေါအထိ ပြည်ထောင်စုလမ်းမကြီးအတိုင်းသွားလာ‌နေတယ်။အုမ္မသီး -ဆမ္မဆယ်-ဝက်ဝံကြားက ကွင်းလမ်းကြောင်းအခြေအနေတွေကတော့အဆင်ပြေသလို လွတ်ပေးတဲ့အချိန်သွားလာရတာပါ။”ဟု၎င်းက ပြောသည်။

ယမန်နေ့အချိန်အထိ သီပေါမြို့အခြေအနေမှာ (၅)ရက်ကြာ တိုက်ပွဲများငြိမ်သက်နေပြီး မြို့တွင်းပုံမှန်သွားလာနေကြကာ ညပိုင်းအချိန်တွင် လက်နက်ကြီးလက်နက်ငယ်သံတချို့ကြားရသော်လည်း စိုးရိမ်စရာရှိကြောင်း သိရသည်။

ထို့အပြင် မနက်ပိုင်းအချိန်၌ ဝက်ဝံစျေးတွင်ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ကာ စည်ကားနေပြီး၊ ည (၇) နာရီမှ နံနက် (၅)နာရီအထိ အပြင်မထွက်ရန် တားမြစ်ထားကြောင်းဆိုသည်။

သီပေါမြို့အတွင်းရှိ တောင်မြို့ ၊ ပန်းတိမ်တောင်၊ပန်းတိမ်မြောက်၊ အုတ်ကျင်း၊ အနောက်ရပ်စသည့် ရပ်ကွက်များတွင် ပုံမှန်သွားလာလှုပ်ရှားနေကြ‌သော်လည်း မြို့လယ်ရပ်၊ ဇာတ်စု၊ ညောင်ကိုးပင်ဘက်များတွင် လူသွားလူလာနည်းပါးနေ‌သေးကြောင်း သိရသည်။

” အခြေအနေ‌တွေက စိတ်ချရတဲ့အနေအထားမျိုးမဟုတ်သေးပေမယ့် အဝေးမှာခက်ခက်ခဲခဲတိုက်ပွဲရှောင်နေကြရသူတွေအိမ်ပြန်လို့ လတ်တလောအဆင်ပြေပါတယ်။အခက်အခဲမရှိသူများလုံခြုံရေးအခြအနေကိုခေတ္တစောင့်ကြည့်ပြီး ပြန်ကြပါ။”ဟု ၎င်းက ဖြည့်စွက် အကြုံပြုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here