ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ဖြည့်စွက်ရေးနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

0
119

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ဖြည့်စွက်ရေး ဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စများကို ဆွေနွေးခဲ့ကြကြောင်း သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်(၂၂)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ဖြည့်စွက်ရေးဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စများကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိင်းခဲ့ကြသည်။အထွေထွေဆွေးနွေးခြင်းတွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် လုံခြုံရေးဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၂ ရက်တာ ဆွေးနွေးညှိနှိင်းချက်များမှရရှိလာသည့်သဘောထားများအား စုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကျေးဇူးတင်စကားပြောကြားကာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here