ထိုင်းနိုင်ငံရှိ တောထဲသို့ပျ-က်ကျသွားသည့် လေယာဉ်ငယ်ပေါ်ပါ ခရီးသည်ကိုးဦးစလုံး‌ေ-သဆုံးဟုယူဆရ

0
434

ဘန်ကောက်၊ဩဂုတ် ၂၃

ဘန်ကောက်မြို့၊အရှေ့တောင်ပိုင်း၌ တာဘိုပရော့လေယာဉ်တစ်စင်း ပျ-က်ကျပြီးနောက် ယာဉ်ပေါ်ပါ လေယာဉ်အမှုထမ်းနှင့် ခရီးသည်ကိုးဦးလုံးတောတွင်း၌ပျောက်ဆုံးနေသဖြင့် ကယ်ဆယ်ရေးသမားများ ပြန်လည်ရှာဖွေရာအသက်ရှင်ကျန်ရစ်သူရှိမည်ဟု မမျှော်လင့်ကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါလေယာဉ်သည် ကြာသပတေးနေ့တွင် ချာချိုဆောင်ပြည်နယ်ရှိ တောထဲတွင်ပျ-က်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသူအားလုံး ‌ေ-သဆုံးခဲ့သည်ဟုယူဆရေကြာင်းထိုင်းအာဏာပိုင်များကပြောကြားခဲ့သည်။

လေယာဉ်ပျ-က်ကျစဉ် ယာဉ်ပေါ်၌ လေယာဉ်မှူးနှစ်ဦးနှင့် ခရီးသည်ခုနစ်ဦးအပါအဝင် လူကိုးဦးပါဝင်ပြီး ၎င်းတို့သည် ဘန်ကောက်ရှိသုဝဏ္ဏဘူမိလေဆိပ်မှ ထိုင်းနိုင်ငံပင်လယ်ကွေ့ရှိ Trat ပြည်နယ်သို့ထွက်ခွာလာခဲ့ကြခြင်းလည်းဖြစ်သည်။

ဒေသခံမီဒီယာများ၏အဆိုအရ ‌ေ-သဆုံးသူခရီးသည်များထဲတွင် အသက် ၁၂ နှစ်နှင့် ၁၃ နှစ်ကြား ကလေ-းနှစ်ဦးအပါအဝင် ထိုင်းနိုင်ငံသားလေးဦးနှင့် တရုတ်ငါးဦးတို့ပါဝင်ကြောင်းသိရသည်။

၎င်းတို့အားရှာဖွေရေးတွင် တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း ၃၀၀ ကျော်ပါဝင်ပြီး လေယာဉ်ပျ-က်ကျရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန်အတွက် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here