ONE Lumpinee 76 ပွဲစဉ်တွင် ထွန်းထွန်းမင်း၏ ညီ ထွန်းမင်းနိုင် ထိုင်းဖိုက်တာကို ဒုတိယအချီတွင် အလဲထိုးဖြင့်ရှုံး

0
63

ယနေ့ ဩဂုတ်လ (၂၃) ရက် ညတွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပနေသည့် ONE Lumpinee 76 ပွဲစဉ်တွင် ရိုးရာ ဖိုက်တာ ထွန်းမင်းနိုင်သည် ပြိုင်ဘက် ထိုင်းဖိုက်တာကို ဒုတိယအချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယနေ့ည ကျင်းပနေသည့် ONE Lumpinee 76 ပွဲစဉ်တွင် ရိုးရာ လက်ဝှေ့ကျော် (၅) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး သန့်ဇင်နှင့် ထိုင်းဖိုက်တာတို့၏ ဒုတိယ ခေါင်တွဲဆိုင်းလည်း ပါဝင်မည် ဖြစ်သည်။

ယနေ့ည ပွဲစဉ်တွင် သန့်ဇင်၊သွေးလင်းထက်၊ ထွန်းမင်းနိုင်၊ အဲမွီနှင့် စောစံမြတို့ ပါဝင်ယှဉ် ပြိုင်ကြမည်ဖြစ်ပြီး သန့်ဇင်၊ သွေးလင်းထက်၊ ထွန်းမင်းနိုင်တို့မှာ ထိုင်းဖိုက်တာများဖြင့် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး အဲမွီနှင့် စောစံမြတို့မှာ ဂျပန်ဖိုက်တာများဖြင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here