ရိုးရာ လက်ဝှေ့ကျော် အဲမွီ One နှင့် ပထမဆုံး ပွဲစဉ်တွင် ဂျပန်ဖိုက်တာကို အလဲထိုးကာ ဘောနပ် (၃) သိန်းခွဲပါ ရယူ

0
65

ယနေ့ ဩဂုတ်လ (၂၃) ရက် ညတွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပနေသည့် ONE Lumpinee 76 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့အကျော်အမော် အဲမွီသည် ဂျပန်ဖိုက်တာကို ဒုတိယအချီတွင် အလဲထိုးကာ အနိုင်ရရှိခဲ့သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံသား (၃) ဦး၏ ပွဲစဉ်ပြီးပြီဖြစ်ပြီး အဲမွီတစ်ဦးသာ ပြိုင်ဘက်ကို အနိုင်ရရှိထားသည်ကို တွေ့ရသည်။

အဲမွီသည် ပထမအချီကစ၍ ပြိုင်ဘက် ဂျပန်ဖိုက်တာကို အသာစီးဖြင့် ထိုးသ- တ်ခဲ့ပြီး ပြိုင်ဘက်၏ ထောက်လက်သီးချက်ကြောင့် ပထမအချီတွင် ဖင်ထိုင်ကျကာ အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။

သို့သော် ပြိုင်ဘက်အား ပထမအချီ၌ပင် ဖိအားပေး ထိုးသ- တ်နိုင်ခဲ့သော်လည်း ဒုတိယအချီမှပင် အလဲထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

One ၏ ပဲ့ကိုင်ရှင် ချက်ထရီက အဲမွီအား ထိုးကြေးအပြင် ဘောနပ်အနေဖြင့်ဆု ငွေ ဘတ် ၃ သိန်းခွဲ ချီးမြှင့်ခဲ့သည်။

ယနေ့ည ကျင်းပနေသည့် ONE Lumpinee 76 ပွဲစဉ်တွင် ရိုးရာ လက်ဝှေ့ကျော် (၅) ဦး ပါဝင်ပြီး သန့်ဇင်နှင့် ထိုင်းဖိုက်တာတို့၏ ဒုတိယ ခေါင်တွဲဆိုင်းလည်း ပါဝင်မည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here