အပြောင်မြောက်ဆုံး ထိုးချက်များနှင့် ထိုင်းမြေတွင် ထိုဂ်းဖိုက်တာကို အနိုင်ယူပြလိုက်သည့် ရိုးရာဖိုက်တာသွေးလင်းထက်

0
72

ယနေ့ ဩဂုတ်လ (၂၃) ရက် ညတွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပနေသည့် ONE Lumpinee 76 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ကျော် သွေးလင်းထက်သည် ပြိုင်ဘက် ထိုင်းဖိုက်တာကို အပြောင်မြောက်ဆုံး ထိုးချက်များနှင့် ပွဲချိန် (၃) ချီလုံး ဖိအားပေးကာ အနိုင်ရယူခဲ့သည်။

ပြိုင်ဘက်အား ပွဲအစ ပထမအချီ၌ပင် ဖိအားပေးတို-က်ခို-က်ခဲ့ပြီး ဒိုင်ပေးမှတ်ဖြင့်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယနေ့ည ပွဲစဉ်တွင် ရိုးရာဖိုက်တာ (၅) ဦး ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အဲမွီနှင့် သွေးလင်းထက်တို့ နှစ်ဦး အနိုင်ရရှိထားကာ သန့်ဇင်၏ ဒုတိယခေါင်တွဲဆိုင်းကျန်နေသေးသည်။

အနိုင်ရထားသည့် သွေးလင်းထက်နှင့် အဲမွီတို့ နှစ်ဦးကို ချက်ထရီက ဘောနပ်ဘတ်(၃) သိန်းခွဲစီချီးမြှင့်ထားပြီး အလဲထိုးမခံရအောင် ခုခံခဲ့သည့် သွေးလင်းထက်၏ ပြိုင်ဘက် ထိုင်းဖိုက်တာကိုလည်း ဘောနပ် (၃) သိန်းခွဲ ချီးမြှင့်ခဲ့သည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here