AYA Pay Futsal Championship 2024 အဖွင့်ပွဲစဉ်များ ယနေ့ စတင်ကျင်းပမည်

0
299

AYA Pay Futsal Championship 2024 ပြိုင်ပွဲ အဖွင့်ပွဲစဉ်များကို ယနေ့ ဩဂုတ် (၂၄) ရက်တွင် MFF Futsal Stadium ၌ စတင်ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်များကို တစ်ရက်လျှင် (၆)ပွဲနှုန်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား ကွင်းအတွင်း လာရောက်ကြည့်ရှု့ခွင့်အတွက် တစ်ရက်တာ (၆)ပွဲစာအတွက် ကျပ်(၂,၀၀၀)ဖြင့် လက်မှတ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း MFF Fusal ကော်မတီက အသိပေးထားသည်။

ယနေ့ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်(၆)ပွဲမှာ နံနက် (၉)နာရီခွဲအချိန်တွင် Genertion FC နှင့် Gold DREAM၊ နံနက်(၁၀)နာရီအချိန်တွင် SGF FC နှင့် ၊Pyae Sone FC ၊ မွန်းတည့် (၁၂) နာရီအချိန်တွင် Futsal19 FCနှင့် Let Wel Youth တို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အလားတူ မွန်းလွဲ(၁)ခွဲအချိန်တွင် TG United FC နှင့် RPG FC၊ ညနေ(၃)နာရီအချိန်တွင် Winner Soccer နှင့် Yankin Brotherhood၊ ညနေ(၄)နာရီအချိန်တွင် KKY FCနှင့် 7 Bro thers FC အသင်းတို့အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ပွဲစဉ်များကို ဩဂုတ် (၂၄)ရက်မှ စက်တင်ဘာ (၁၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ အသင်းပေါင်း (၃၂) သင်းအား အုပ်စု (၈)စု ခွဲ၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲတွင် လိဂ် (၁) ကလပ်အသင်း (၉)သင်း၊ လိဂ် (၂) ကလပ်အသင်း (၉) သင်း၊ မန္တလာလိဂ်မှ ကလပ်အသင်း (၂)သင်း၊ ၂၀၂၄ အပျော်တမ်းပြိုင်ပွဲမှ ကလပ် အသင်း (၁၂ )သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ထိုပြိုင်ပွဲတွင် ချန်ပီယံဖြစ်သော အသင်းမှာ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ချန်ပီယံဆုရရှိသည့် အသင်းအတွက် ဆုကြေးငွေကျပ် (၇၅) သိန်း၊ ဒုတိယဆု(Runner-up) ကျပ်သိန်း(၅၀)၊ တတိယဆု (Third Place) ကျပ်(၂၅)သိန်း၊ စတုတ္ထဆု (Fourth Place) ကျပ်(၁၅) သိန်း၊ MVP Award ကျပ်(၁၅)သိန်း၊ အကောင်းဆုံးကစားသမားဆု ကျပ်(၃) သိန်းနှင့် အသန့်ရှင်းဆုံးကစားသမားဆု ကျပ်(၃) သိန်း အသီးသီးချီးမြှင့်သွားမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here