ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေသူများ ကားတို-က်ခံရကာ ေ-သဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည့် ကားမှတ်တိုင်ကို အန္တရာယ်ကင်းပရိတ်တရားနာ

0
215

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ဘတ်စ်ကားစောင့်နေသူအချို့ ကားတို-က်ခံရကာ (၃)ဦး ေ-သဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည့် ဆင်မင်းဈေးကား မှတ်တိုင်၌ နယ်မြေခံလူမှုကူညီ‌ရေးအသင်းက ပင့်သံဃာအရှင်သူမြတ်များဖြင့် ပရိတ်တရား ရွတ်ဖတ်နာကြားပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက အလုံမြို့နယ် ၊ ဆင်မင်းဈေးကားမှတ်တိုင်တွင် လူအချို့ ကားစောင့်နေစဉ် လူငယ်စုံတွဲ မောင်းနှင်လာသည့် ကားမှ ဝင်ရောက်တို-က်မိခဲ့သည့်အတွက် ‌ေ-သဆုံးမှုနှင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရသည့် အခြေအနေဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အပြီး (၉) ရက်အကြာ ဩဂုတ် (၂၂) ရက်တွင် ကားမှတ်တိုင်နေရာ၌ နယ်မြေခံလူမှုကူညီ‌ရေးအသင်းက ပင့်သံဃာအရှင်သူမြတ်များအား ပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ်တရား ရွတ်ဖတ်နာကြားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ နေရာတွင် ဘာသာရေးအယူအဆအရ ဆုံးပါးသွားသူများ ဘဝကူးကောင်းစေရေး ပင့်သံဃာများကို ကုသိုလ်ပြုအမျှအတန်းပေးဝေခြင်းအား အလုံမြို့နယ်အခြေစိုက် ကြီးလေးကြီး လူမှူကူညီရေးအသင်းက ကမကထပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here