ဖူးခက်မှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား ခြောက်ဦး အပါအဝင် ၁၀ ဦးထက်မနည်း ‌ေ-သဆုံး

0
111

ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်တစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသား ၈ ဦး (မြန်မာ ၆ ဦး) အပါအဝင် လူ ၁၀ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့သည်ဟု အာဏာပိုင်များက သောကြာနေ့တွင် ပြောဆိုသည်။

ကျွန်းပြည်နယ်တစ်ဝန်းရှိ နေရာအတော်များများတွင် သောကြာမနက် လင်းအားကြီး ၁ နာရီခန့်မှစ၍ မိုးကြီးခဲ့သောကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ခဲ့သည်ဟု ပြည်နယ် သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သဘာဝဘေး အဆိုးဝါးဆုံးသက်ရောက်ခဲ့သော ဧရိယာများမှာ Muang ခရိုင်ရှိ ချာလွန်နှင့် ခါရွန်မြို့တို့တွင်ဖြစ်ပြီး အိမ်ထောင်စု ၂၅၀ ခန့် ထိခိုက်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

အဓိကမြေပြိုမှုကြီးမှာ ခရွန်မြို့ Soi Patak 2 တွင် ဖြစ်ပွားခဲ့ပြီး ရွှေ့ပြောင်းလုပ်သားများ စခန်းချရာနေရာတစ်ခုနှင့် ကျေးလက်အပန်းဖြေစခန်းတစ်ခုအပါအဝင် ပရိဘောဂပစ္စည်းများစွာ မြေအောက်ရောက်သွားခဲ့ရကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောဆိုသည်။

လက်ရှိအထိ ရုပ်အလေ-ာင်း ၁၀ လေ-ာင်းကို တွေ့ရှိထားပြီး ရုရှားလူမျိုး ဇနီးမောင်နှံ၊ မြန်မာရွှေ့ပြောင်းလုပ်သား ခြောက်ဦးနှင့် ထိုင်း နှစ်ဦးဖြစ်ကြောင်း တာဝန်ရှိသူက ပြောဆိုသည်။

အခင်းဖြစ်နေရာတွင် ကျောက်တုံးကျောက်ခဲများနှင့် သစ်ပင်များ ပြိုကျခဲ့မှုအတွင်း နေအိမ် ၅၀ ခန့် ပျက်စီးခဲ့ကာ လူ တစ်ဒါဇင်ခန့် ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

Ref: ဘန်ကောက်ပို့စ်
photo credit – Phuket Info Center


LEAVE A REPLY

Please enter your comment!
Please enter your name here