မြန်မာနိုင်ငံ ကလေ-းသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒ စတင်ရေးဆွဲနေ

0
248

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ မြန်မာနိုင်ငံ ကလေ-းသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒကို ရေးဆွဲနေကြောင်း သိရသည်။

ကလေးသူငယ်များ၏ ဘဝသာယာဝပြောရေးနှင့် ကာကွယ်စောင့်ရှောက်မှု ပြီးပြည့်စုံစွာရရှိနိုင်ရေးကို အရေးကြီးသောလုပ်ငန်းတစ်ရပ်အဖြစ်သတ်မှတ်ကာ ထိရောက်စွာပိုမိုလုပ်ဆောင်နိုင်ရန် အဆိုပါမူဝါဒကို ရေးဆွဲနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ မူဝါဒရေးဆွဲခြင်းဖြင့် ကလေ-းသူငယ်များအပေါ်အကြမ်းဖက်မှုများ၊ အလွဲသုံးမှုများ၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြ-တ်မြတ်ထုတ်ခံရမှုများမှ ထိထိရောက်ရောက်ကြိုတင်ကာကွယ်နိုင်ကာ ဘေးကင်းလုံခြုံ၍ ကာကွယ်စောင့်ရှောက်မှုရှိသော ပတ်ဝန်းကျင်ဖန်တီးပေးနိုင်မည်ဟု ရည်ရွယ်ကြောင်း သိထားရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေ-းလုပ်သားစစ်တမ်း ၂၀၂၃ – ၂၀၂၄ အစီရင်ခံစာအရ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေ-းသူငယ် (၃၉) ဦးကို လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စိတ်လူမှု ပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here