ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

0
363

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် (၂၃) ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြေးခုန်ပစ်အားကစားနည်းသည် မျက်မှောက်ခေတ်ကာလ အားကစားပြိုင်ပွဲကြီးများတွင် အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့်အပြင် လူသားတို့၏စွမ်းရည်ကို ဖော်ထုတ်ပြသရာ ရှေးဦးလမ်းပြ အားကစားနည်းလည်းဖြစ်ကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောသည်။

ဩဂုတ် (၂၃) ရက်တွင် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် အမျိုးသား/ အမျိုးသမီး (မီတာ ၄၀၀၊ ၁၀၀ x ၄ လက်ဆင့် ကမ်းနှင့် တန်းမြင့်ခုန်) ပြိုင်ပွဲများ၊ အမျိုးသား (မီတာ ၁၀၀၀၀ လမ်းလျှောက်နှင့် မီတာ ၃၀၀၀) ပြိုင်ပွဲများ၊ လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် အမျိုးသား/ အမျိုး သမီး သံပြားဝိုင်း ပစ်ပြိုင်ပွဲများ၏ လူရွေးပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

(အမျိုးသား) မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၌ ၂၀၀၆ ခုနှစ်တွင် ပြည့်ဖြိုးထွန်း (ရန်ကုန်တိုင်းဒေသကြီး) တင်ထားသောစံချိန် ၄၉ မိနစ် ၂၁ ဒသမ ၀၃ စက္ကန့်အား သန့်ဇင်အောင် (ရှမ်းပြည်နယ်)က ၄၈ မိနစ် ၄၈ ဒသမ ၁၄ စက္ကန့်နှင့် နိုင်လင်းထွန်း (ရှမ်းပြည်နယ်) က ၄၇ မိနစ် ၅၁ ဒသမ ၁၅ စက္ကန့်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) သံပြားဝိုင်းပစ် ပြိုင်ပွဲတွင် နန်းအွမ်ဆိုင်ခမ်း (ရှမ်းပြည်နယ်) သည် ၂၀၁၉ ခုနှစ်တွင် မူကိုဖော (ကယားပြည်နယ်) တင်ထားသော စံချိန် ၃၅ ဒသမ ၀၈ မီတာထက်သာလွန်၍ စံချိန် ၃၆ ဒသမ ၅၅ မီတာဖြင့်လည်းကောင်း စံချိန်သစ်များတင်နိုင်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဩဂုတ် (၂၄ )ရက် နံနက် (၆) နာရီခွဲမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ် (၁) တို့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး) မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး(ကြိုးတပ်သံလုံး ပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ မီတာ ၈၀ ၀ ပြိုင်ပွဲ၊ မီတာ ၂၀၀ ပြိုင်ပွဲ နှင့် မီတာ ၄၀၀ တန်းကျော်ပြို င်ပွဲ)၊ (အမျိုးသမီး) မီတာ ၂၀၀၀ တားဆီးကျော် အပြေးပြိုင်ပွဲတို့ကို  ဆက်လက်ကျင်းပလျက်ရှိကြောင်းလည်း သိရသည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများက အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် ပြေးခုန်ပစ်မျိုးဆက်သစ် လူငယ်များပေါ်ထွက်လာစေရေး ရည်ရွယ်ချက်များဖြင့် ဩဂုတ် (၂၃)ရက်မှ (၂၆) ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁) တို့တွင် ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၅) သင်း၊ အမျိုးသမီးအသင်း (၁၅) သင်း စုစုပေါင်းအင်အား (၄၅၂)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here