ရန်ကုန်ဈေးကွက်ကြိုက်နေသည့်ပန်းကဏန်း အချိန်၁၀ လျှင် ကျပ်သုံးသိန်းနီးပါးပေါက်

0
83

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုများပြားခြင်းကြောင့် ပန်းကဏန်းပိဿာချိန် (၇၇၀၀၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာမြို့နယ်မှ ထွက်ရှိသည့်ပန်းကဏန်းပိဿာချိန် (၇၇၀၀၀) ထိ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လအတွင်းက ပန်းကဏန်းပိဿာချိန် (၅၅၀၀၀) ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ပန်းကဏန်းများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေကြောင်း သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပန်းကဏန်းများအပါအဝင် ‌ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး တင်ပို့ရောင်းချနေသည့် ပန်းကဏန်း (၁၀) ပိဿာလျှင် ငွေကျပ် (၂၈၀၀၀၀) ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

အဆိုပါ ပင်လယ်ပန်းကဏန်းများ ဝယ်ယူများပြားလာခြင်းကြောင့် ရေလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here