ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ အရှေ့မြောက်တို့တွင် ရေလွှမ်းမိုး၍လူ ၃၀ ကျော်‌ေ-သဆုံးကာ သန်းနှင့်ချီ၍ ရေဘေးသင့်

0
376

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ၍ ကယ်ဆယ်ရေးသမားများက ရေမြုပ်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်းဆောင်ရွက်နေရကြောင်း သိရသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသများရှိ မြစ်ကြောင်းများမှာ စိုးရိမ်ရေမှတ်ထက် များစွာကျော်လွန်လျက်ရှိနေကာ လက်ရှိအထိ ‌ေ-သဆုံးသူ ၃၆ ဦးရှိခဲ့ပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရေဘေးကြုံရသူ ၄ ဒသမ ၅ သန်းနီးပါးရှိနေပြီး လူနေအိမ် ရာပေါင်းများစွာ ရေနစ်မြုပ်ခဲ့ကာ ဒေသခံများသည် အိမ်ခေါင်မိုးများပေါ် တက်နေကြရပြီး ကယ်ဆယ်ရေးများအလာကို စောင့်မျှော်နေရသည်ဟု သဘာဝဘေး စီမံခန့်ခွဲရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်။

ရေလွှမ်းမိုးမှုများကြောင့် လူ ၁၃ ဦးထက်မနည်း‌ေ-သဆုံးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၏ ရေလွှမ်းဒေသများရှိ ဒေသခံ ၂ သိန်းနီးပါးကို ဘေးလွတ်ရာ ကယ်ဆယ်ပေးခဲ့သည်ဟု သဘာဝဘေး စီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဋ္ဌာနမှ အကြီးတန်းအရာရှိ Md Kamrul Hasan က သောကြာနေ့တွင် သတင်းထောက်များကို ပြောသည်။

တဖန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ် အိန္ဒိယအရှေ့မြောက်ပိုင်း ထရီပူရ် ပြည်နယ်တွင် လူ ၂၃ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု အန္ဒိယနိုင်ငံ အမျိုးသား သဘာဝဘေး တုန့်ပြန်ရေးတပ်ဖွဲ့မှ အကြီးတန်းအရာရှိ မိုဆန် ရှာဟီဒီက ပြောဆိုသည်။ ထရီပူရ်ပြည်နယ်တွင် လူပေါင်း ၆၄,၀၀၀ ကျော်သည် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရသည်ဟု ပြည်နယ်အရေးပေါ်တုန့်ပြန်ရေးဌာက ပြောသည်။

တောင်အာရှဒေသတစ်ဝန်းတွင် မကြာခင်လများက အကြီးအကျယ် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ‌ေ-သဆုံးသူ ရာနှင့်ချီရှိနေခဲ့ပြီး လူပေါင်းသန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာခဲ့ရကာ အခြေခံအဆောက်အဦများပျက်စီးခဲ့ရသည်။ ယင်းဒေသသည် မိုးရာသီအတွင်း ရေကြီးရေလျှံမှုများမှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လူသားများ၏ ပယောဂကြောင့်ဖြစ်ရသည့် ရာသီဥတု ပြောင်းလဲမှုကပ် ဘေးသည် ပြင်းထန်သောရာသီဥတုဖြစ်စဉ်များကို ပိုမိုဆိုးရွားစေခဲ့ကာ လူအ‌ေ-သအပျောက် ပိုများစေခဲ့သည်ဟု သိပ္ပံပညာရှင်များက ထောက်ပြခဲ့သည်။

Ref: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here