အောက်တိုဘာလ (၄) ရက် နောက်ဆုံးထား၍ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ပထမနှစ်ဝင်ခွင့်လျှောက်ထားရမည်

0
377

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း) ၏ သိပ္ပံဘွဲ့ (သစ်တောပညာ) B.Sc Forestry၊ (၄) နှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိရန် အောက်တိုဘာလ (၄) ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်သို့ လျှောက်ထားရာတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ STEAMS- 1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်ဖြစ်ကာ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ရမှတ် (၃၅၀) မှတ်နှင့်အထက် ရရှိသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းတက္ကသိုလ်သို့ဝင်ခွင့်ရရှိပါက သက်ဆိုင်ရာ ဘာသာရပ်များနှင့်ပတ်သက်၍ တောတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး (က) အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသူ၊ တက္ကသိုလ်မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်ထားသည့် အချက်အလက်ပြည့်စုံပါက လျှောက်လွှာနှင့် အထက်ဖော်ပြပါ စာရွက်စာတမ်းများကို အောက်တိုဘာ (၁၀) ရက် (သောကြာနေ့) နောက်ဆုံးထား၍ သင်တန်းရေးရာဌာနခွဲ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ [email protected] သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here