တယ်လီဂရမ် စီအီးအို ပြင်သစ်မှာ အဖမ်းခံရ

0
156

စာပို့အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပူးတွဲတည်ထောင်သူလည်းဖြစ် စီအီးအိုလည်းဖြစ်သည့် ဘီလျံနာ ပါဗယ်ဒူရော့ဗ်သည် စနေနေ့ညနေပိုင်းက ပါရီမြို့ပြင်ရှိ Bourget လေဆိပ်တွင် အဖမ်းခံခဲ့ရသည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ်ကို ကိုးကား၍ TF1TV က ဖော်ပြခဲ့သည်။

ဒူရော့ဗ်သည် သူ၏ သီးသန့်ဂျက်လေယာဉ်ဖြင့် ခရီးထွက်နေရာ ပြင်သစ်နိုင်ငံတွင် သူ့အား ဖမ်းဝရမ်းတစ်ခုဖြင့် ပစ်မှတ်ထားခံခဲ့ရကြောင်း TF1 က ဆိုခဲ့သည်။

အသက် ၃၉ နှစ်အရွယ် စီအီးအိုသည် အဇာဘိုင်ဂျန်နိုင်ငံမှ ထွက်ခွာလာသည်ဟု ယူဆရပြီး ပြင်သစ်တွင် ဒေသစံတော်ချိန် ည ၈ နာရီတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ရုရှားနိုင်ငံဖွား စွန့်ဦးတီထွင်သူသည် တယ်လီဂရမ် အခြေစိုက်ရာ ဒူဘိုင်းတွင် နေထိုင်သူဖြစ်ပြီး ပြင်သစ်နှင့် ယူအေအီး နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်သည်။

Forbesမဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ဒေါ်လာ ၁၅.၅ ဘီလီယံ ကြွယ်ဝသည့် ဒူရော့ဗ်သည် ၎င်း၏ VK လူမှုမီဒီယာပလက်ဖောင်းမှ အတိုက်အခံအုပ်စုများ၏အကောင့်များအားပိတ်ပေးရန် တောင်းဆိုချက်ကို လိုက်နာရန် ငြင်းဆန်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ရုရှားမှ ထွက်ခွာလာသူဖြစ်သည်။

ဒူရော့ဗ် ဖမ်းဆီးခံရသည့် သတင်းနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာန ၏အမေးကို တယ်လီဂရမ်က လတ်တလောတွင် တုန့်ပြန်မှတ်ချက်ပေးခြင်းမရှိသေးပေ။

ပြင်သစ်နိုင်ငံရှိ ရုရှားသံရုံးကမူ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်ရန် ချက်ချင်းလုပ်ဆောင်လျက်ရှိကြောင်း TASS သတင်းဌာနဆိုခဲ့သည်။

Ref: သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here