ရွှေတိဂုံမြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်နေမှု လုပ်ငန်းတစ်ရပ်လုံး၏ ၇၉ ရာခိုင်နှုန်းကျော် ပြီးစီး

0
167

ရွှေတိဂုံ စေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ဆက်သွယ်ထားသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass တည်ဆောက်မှု ၇၉ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ပြည်သူများ သွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေပြီး သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးနှင့် ခေတ်မီအခြေခံ အဆောက်အဦတစ်ခု ပေါ် ပေါက်လာစေရန် ရည်ရွယ်၍ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦ တစ်ခု တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းကို အပိုင်း (၃)ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိပြီး ယခုအခါအပိုင်း (၁) နှင့် အပိုင်း (၂) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီး (၃)တို့ကို ဆက်လက်ဆောင်ရွက်နေကြော င်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် (၂၃) ပေ ကျယ်ဝန်းပြီး တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀) ဖြတ်သန်းသွားလာနိုင်ကာ ရွေ့လျားစက်လှေကား(၄)စင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား (၁၀) ယောက်စီး (၂)စင်းပါရှိကြောင်း သိရသည်။

ယင်း စီမံကိန်းအား ခန့်မှန်းလျာထား ကာလမှာ (၁၄) လ ခန့်သတ်မှတ်ထားပြီး ယခုအခါလုပ်ငန်းအားလုံး ၏ ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here