လစာမရသေးသည့် သီပေါမြို့မှ ကျန်းမာရေးဝန်ထမ်းများကို တောင်ကြီးမြို့တွင် လစာထုတ်ပေးမည်

0
202

သီပေါမြို့နယ်၊ နမ့်လန်ရွာ၊ ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများ လစာငွေမရရှိသေး မှုနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်ကို သတင်းမှန်ပြန်ကြားရေးမှတဆင့်ကျန်းမာရေးဝန်ကြီးဌာနကပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားမှုတွင် နမ့်လန်တိုက်နယ်ဆေးရုံသည် သီပေါမြို့နယ်တွင် ပါဝင်ပြီး ယခင်က သီပေါမြို့နယ်ဘဏ်မှ ထုတ်ယူလျက်ရှိကာ လက်ရှိအခြေအနေကြောင့် သီပေါမြို့နယ်တွင် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အပြင် ပြည်နယ်ရုံးတည်ရှိသည့် လားရှိုးမြို့နယ်တွင်လည်း ဘဏ်လုပ်ငန်း ရပ်ဆိုင်းခဲ့သဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် ၎င်းတို့အား လစာထုတ်ပေးမည်ဖြစ်ပြီး ယခု လကုန်တွင် လစာရရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။

ထိုနည်းတူ မြစ်ကြီးနားနှင့် လားရှိုးမြို့တို့တွင် နိုင်ငံကူးလက်မှတ် အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူထားသူများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့ရှိ နိုင်ငံကူးလက်မှတ်ရုံးခွဲများတွင် ပြောင်းလဲဆောင်ရွက်နိုင်ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ထုတ်ပြန်ချက်များအရလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here